မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၃၁၊ ၂၀၁၉
ရုရှား

ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ အမှုကို ၂၀၁၉၊ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ စီရင်ချက် ချပါမယ်

ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ အမှုကို ၂၀၁၉၊ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ စီရင်ချက် ချပါမယ်

ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ အမှုကို အိုရွိုလ်မြို့၊ ရှလက်ဇနာ ဒရော်ဇက်ဇနီ ခရိုင်တရားရုံး တရားသူကြီးတွေက ၂၀၁၉၊ ဖေဖော်ဝါရီ ၆၊ ဗုဒ္ဓဟူးနေ့မှာ အပြီးသတ် စီရင်ချက် ချပါမယ်။

ညီအစ်ကို ခရစ်တန်ဆန်ဟာ အဖမ်းခံရချိန် ၂၀၁၇၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစပြီး ထောင်ချခံထားရတာပါ။ သူ့ရဲ့အမှုကို ၂၀၁၈၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ စတင် ကြားနာစစ်ဆေးခဲ့ကြတယ်။ မစ္စတာ ခရစ်တန်ဆန်ကို အပြစ်ရှိတယ်လို့ စီရင်ချက် ချရင် ထောင်ဒဏ် ၆ နှစ်ခွဲအထိ ကျခံနိုင်ပါတယ်။

လ ၂၀ ကျော် ချုပ်နှောင်ထားခြင်း ခံရပေမဲ့ ညီအစ်ကို ခရစ်တန်ဆန်ဟာ ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားပြီး အပြုသဘောထား ဆက်ရှိနေဆဲဖြစ်သလို ကမ္ဘာချီ ညီအစ်ကို/မတွေရဲ့ ဆုတောင်းချက်တွေကို ကျေးဇူးတင်လေးမြတ်နေဆဲပါ။—၂ သက်သာလောနိတ် ၃:၁၊ ၂