မာတိကာဆီ ကျော်သွား

မေ ၂၃၊ ၂၀၁၈
ရုရှား

ယေဟောဝါ​သက်သေ​များ​ကို ရုရှား နှိပ်စက်မှု နိုင်ငံတကာ ပြစ်တင်​ရှုတ်ချ

ယေဟောဝါ​သက်သေ​များ​ကို ရုရှား နှိပ်စက်မှု နိုင်ငံတကာ ပြစ်တင်​ရှုတ်ချ

ယေဟောဝါသက်သေတွေ​အပေါ် ရုရှား​အစိုးရ နှိပ်စက်​နေ​ပုံကို စိုးရိမ်​ကြောင်း ဥရောပ​သမဂ္ဂ​နဲ့ အမေရိကန်​နိုင်ငံက သီးခြား​စီ ကြေညာချက် ထုတ်ပြန်ခဲ့​ကြတယ်။ ယေဟောဝါသက်သေများရဲ့ တရားဝင်​အသင်းအဖွဲ့​တွေကို ပိတ်ပင်ခြင်း​က ယေဟောဝါ​သက်သေ တစ်ဦးချင်းစီရဲ့ လွတ်လပ်​စွာ သက်ဝင်​ယုံကြည်​ပိုင်ခွင့်​ကို ပိတ်ပင်​တာ မဟုတ်ဘူး​ဆိုတဲ့ ရုရှား​အစိုးရ ပြောဆိုချက် မှား​ကြောင်း ကြေညာချက်​တွေ​မှာ ထုတ်ပြန်​ကြတယ်။ “[ရုရှား​အစိုးရဟာ] အပြော​နဲ့ အလုပ် မညီ​ကြောင်း” ဥရောပ​သမဂ္ဂ​က ဖော်ပြခဲ့တယ်။ ယေဟောဝါသက်သေတွေ​နဲ့​ပတ်သက်ပြီး ရုရှား​ရဲ့ အပြော​နဲ့ အလုပ်ဟာ “ဆန့်ကျင်​နေတယ်” လို့ အမေရိကန်​နိုင်ငံက ဆိုတယ်။

ရုရှား​အာဏာပိုင်တွေ​က ယေဟောဝါ​သက်သေ ရှစ်ယောက်​ကို ထောင်ချ​ထားပြီး လောလောဆယ် မြို့ ၁၁ မြို့မှာ ၁၂ ယောက်​ကို ရာဇဝတ်မှု​နဲ့ စစ်ဆေး​နေပါတယ်။ အိမ်ရာ​အဆောက်အအုံ သိမ်းယူမှု တဖြည်းဖြည်း များ​လာတယ်။ ယုံကြည်ချက်​ကြောင့် နှိပ်စက်​ခံ​နေရတဲ့ ခရစ်ယာန်​တွေ​အတွက် အဓိက စိုးရိမ်​ရတယ်။

လွတ်လပ်​စွာ တွေးတော​ကြံဆ​ခွင့်၊ လွတ်လပ်​စွာ ကိုးကွယ်​ဆည်းကပ် ယုံကြည်​ခွင့်​ကို လေးစားဖို့ ဥရောပ​သမဂ္ဂ​ရော အမေရိကန်​နိုင်ငံက​ပါ ရုရှား​အစိုးရကို တောင်းဆို​ထားတယ်။

ကြေညာချက်​တွေကို ကြည့်ဖို့ လင့်ခ်–

https://www.osce.org/permanent-council/381820

https://www.osce.org/permanent-council/381823