မာတိကာဆီ ကျော်သွား

ညီအစ်ကို ကွန်စတန်တင် ဆန်နီကို့

၂၀၂၂ ခုနှစ်၊ ဧပြီ ၈ ရက် | နောက်ဆုံးရအချက်အလက်– ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်
ရုရှား

နောက်ဆုံးရအချက်အလက်—ထောင်ချခံရ | ထိန်းသိမ်းခံထားရတဲ့ ဖခင်က မိသားစုကို ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်ရှိနေဖို့ ကူညီပေး

နောက်ဆုံးရအချက်အလက်—ထောင်ချခံရ | ထိန်းသိမ်းခံထားရတဲ့ ဖခင်က မိသားစုကို ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်ရှိနေဖို့ ကူညီပေး

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်မှာ ကာဇန်မြို့၊ ဆိုဗက်စကီ ခရိုင်တရားရုံးက ညီအစ်ကို ကွန်စတန်တင် ဆန်နီကို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချပြီး ထောင်ဒဏ်ခြောက်နှစ်ခွဲ ချမှတ်ခဲ့တယ်။ ၂၀၂၀ ဩဂုတ်လကတည်းက အချုပ်ခံထားရပြီး ဆက်လက်အချုပ်ကျနေဆဲဖြစ်တယ်။

အချိန်ပြဇယား

  1. ဩဂုတ် ၂၅၊ ၂၀၂၀

    ကွန်စတန်တင်ရဲ့အိမ်မှာ အသံဖမ်းစက်ကို လျှို့ဝှက် တပ်ဆင်ပြီးနောက် ပြစ်မှုနဲ့ အမှုဖွင့်တယ်။ ကျမ်းစာအကြောင်း ဆွေးနွေးကြတာကို အာဏာပိုင်တွေက အစွန်းရောက် လုပ်ဆောင်မှုလို့ ဆိုတယ်။

  2. ဩဂုတ် ၂၇၊ ၂၀၂၀

    ဖမ်းဆီးပြီး ချက်ချင်း အချုပ်ချလိုက်တယ်။

  3. မေ ၂၆၊ ၂၀၂၁

    တရားရုံးရဲ့ ပိတ်ပင်မှုကြောင့် ဇနီးသည်က ခင်ပွန်းကို လည်ပတ်တွေ့ဆုံခွင့် မရဘူး။ တွေ့ခွင့်ရဖို့ ဆက်လက်တောင်းဆိုပေမဲ့ ပယ်ချခံရတယ်။

  4. ဩဂုတ် ၂၀၊ ၂၀၂၁

    အမှု စတင်ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ကွန်စတန်တင်ဟာ ချုပ်နှောင်ခံရချိန်မှာတောင် မိသားစုကို ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်ရှိဖို့ ကူညီပေးသလိုပဲ ယေဟောဝါဘုရားက “ကိုယ်ကြည့်ရှုစောင့်ရှောက်ရမယ့်သူတွေကို” မပြတ်ထောက်မပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—၁ တိမောသေ ၅:၈

a ညီအစ်ကို ဆန်နီကို့ဟာ အခုလောလောဆယ် အချုပ်ထောင်မှာ ရှိနေတဲ့အတွက် သူ့ရဲ့မှတ်ချက်ကို မရနိုင်ပါ။