မာတိကာဆီ ကျော်သွား

အိုရွိုလ်မြို့၊ ရှလက်ဇနာ ဒရော်ဇက်ဇနီ ခရိုင်တရားရုံးမှာ ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ကို ရဲအစောင့်အကြပ်နဲ့ တွေ့ရစဉ်

ဇူလိုင် ၃၁၊ ၂၀၁၉
ရုရှား

နောက်ဆုံးသတင်း—အကျဉ်းထောင် ရွှေ့ပြောင်းပြီးနောက်မှာလည်း ဒဲနစ္စ ခရစ်တန်ဆန် ဆက်တည်ကြည်မြဲမြံနေ

နောက်ဆုံးသတင်း—အကျဉ်းထောင် ရွှေ့ပြောင်းပြီးနောက်မှာလည်း ဒဲနစ္စ ခရစ်တန်ဆန် ဆက်တည်ကြည်မြဲမြံနေ

ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ အယူခံဝင်မှု ရှုံးနိမ့်သွားပြီး နှစ်ပတ်အကြာ ဖြစ်တဲ့ ၂၀၁၉၊ ဇွန် ၆ ရက်နေ့မှာ ရုရှားအာဏာပိုင်တွေဟာ စုံစမ်းစစ်ဆေးခြင်း မပြုဘဲ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အိုရွိုလ်အကျဉ်းထောင်ကနေ လိုဂေါ့ဖ်မြို့ အကျဉ်းထောင် အမှတ် ၃ ကို ရွှေ့ပြောင်းလိုက်တယ်။ လိုဂေါ့ဖ်မြို့ဟာ ဒဲနစ္စရဲ့ မိသားစု၊ မိတ်ဆွေတွေ ရှိရာ အိုရွိုလ်မြို့ကနေ ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) လောက် ဝေးတယ်။

ဒဲနစ္စ ထောင်ကို ရောက်တာနဲ့ သူ့ကို လူတွေ စော်ကားပြောဆိုကြတယ်။ သူ့ရဲ့ သမာဓိကို ချိုးဖျက်ဖို့ ကြိုးစားကြတယ်။ ဒဲနစ္စဟာ ယေဟောဝါကို အကြီးအကျယ် မှီခိုအားကိုးခဲ့လို့ မကြောက်မရွံ့၊ ခိုင်မြဲစွာ ရပ်တည်နိုင်ခဲ့တယ်။—၁ ပေတရု ၅:၁၀

ဖင်လန်နိုင်ငံမှာ (ဘယ်မှ ညာသို့)– အုပ်ချုပ်ရေးအဖွဲ့ဝင် မာ့ခ် ဆန်ဒါစန်၊ အီရီနာ ခရစ်တန်ဆန်၊ ဖင်လန်နိုင်ငံက တိုမီ ခူယူကို

ဒဲနစ္စ ဖမ်းဆီးချုပ်နှောင်ခံရတဲ့အတွက် ဒဲနစ္စရဲ့ ဇနီး အီရီနာကို ညီအစ်ကို၊ ညီအစ်မတွေ မေတ္တာနဲ့ ကြည့်ရှု၊ ထောက်မပေးကြတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို မာ့ခ် ဆန်ဒါစန်နဲ့ တခြား တာဝန်ရှိ ညီအစ်ကိုတွေဟာ အီရီနာနဲ့ ဖင်လန်နိုင်ငံမှာ တွေ့ဆုံပြီး အားပေးနိုင်ခဲ့ကြတယ်။

ဒဲနစ္စ ထောင်ကျနေတာ အခုဆို တစ်လကျော်ပြီ။ ဒဲနစ္စကို တစ်ရက်တစ်ကြိမ် ဖုန်းဆက်ဖို့ အီရီနာ မကြာသေးခင်က ခွင့်ပြုချက် ရလိုက်တယ်။ ထောင်ဝင်စာ တွေ့ခွင့်လည်း ရခဲ့တယ်။

ဒဲနစ္စဆီက အားပေးစာတွေကို အီရီနာ ပြန်ဖတ်နေစဉ်

အဖမ်းခံရ၊ ထောင်ချခံခဲ့ရတဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ခံနိုင်ရည် တင်ပြခဲ့ကြတဲ့ ဒဲနစ္စနဲ့ အီရီနာဟာ ဆက်တည်ကြည် မြဲမြံနေကြတယ်၊ ဆက်ရွှင်လန်း ဝမ်းမြောက်နေကြပါတယ်။ အထူးသဖြင့် အပတ်တိုင်း ဒဲနစ္စရေးတဲ့ စာတွေကြောင့် ခံရပ်တည်ကြည်နေနိုင်တာလို့ အီရီနာ ပြောပြတယ်။ ဒဲနစ္စ ရေးတဲ့ စာတွေထဲက သူအနှစ်သက်ဆုံး စာကြောင်းကတော့ “အပြုသဘောထားက အောင်မြင်မှု သော့ချက်ပဲ။ ကိုယ်တို့ဆီမှာ ရွှင်လန်းဝမ်းမြောက်စရာ အကြောင်းရင်းတွေ အများကြီး ရှိတယ်။” စာကို ဒီလို နိဂုံးချုပ်ထားတယ်– “ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံဖို့က ကိုယ်တို့ အသက်ရှင်နေရတဲ့ အကြောင်းရင်းပဲ။ ကိုယ်တို့ရဲ့ ဘဝခရီးလမ်းကို ဆက်လျှောက်ရဦးမယ်။ ကိုယ်တို့ အောင်ပွဲမဆင်ရသေးဘူး။ နောက်ဆုံးတော့ ကျိန်းသေ အောင်ပွဲခံနိုင်မှာပါ။ အောင်နိုင်မယ်လို့ ရာနှုန်းပြည့် ကိုယ်မျှော်လင့်တယ်။”

ဇူလိုင် ၂၁ ရက်၊ ဒိန်းမတ်နိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးမှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို လက်တ်က ဒဲနစ္စဆီက စာကို ဖတ်ပြခဲ့တယ်။ ဒီလိုရေးထားတယ်– “ညီအစ်ကို၊ ညီအစ်မတို့နဲ့အတူ ကျွန်တော်လည်း အစည်းအဝေး တက်ချင်တယ်။ ဒါပေမဲ့ ကျွန်တော့် လက်ရှိတာဝန် မပြီးသေးလို့ အခုလောလောဆယ်တော့ မတက်နိုင်သေးဘူး။ နောင်တစ်ချိန်ချိန်တော့ တက်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။”

ပေါလု ရောမမြို့မှာ ထောင်ကျနေတုန်းက ဒီလို ရေးခဲ့တယ်– “ခင်ဗျားတို့ကို သတိရပြီး တိုးလျှိုးအသနားခံပေးတဲ့အခါတိုင်း ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းမိတယ်။ ခင်ဗျားတို့အားလုံးအတွက် ဝမ်းမြောက်ဝမ်းသာနဲ့ တိုးလျှိုးအသနားခံပေးပါတယ်။ . . . ခင်ဗျားတို့ဟာ ကျွန်တော် အကျဉ်းကျနေချိန်မှာရော သတင်းကောင်း ဟောပြောခွင့်ကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်အောင် လုပ်နေချိန်မှာပါ ကူညီပေးခဲ့ကြတယ်။”—ဖိလိပ္ပိ ၁:၃၊ ၄၊