မာတိကာဆီ ကျော်သွား

ညီအစ်မ အီရီနာ ဘူဂလဂ်

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက် | နောက်ဆုံးအချက်လက်–၂၀၂၃ ခုနှစ်၊ ဇွန် ၁၃ ရက်
ရုရှား

နောက်ဆုံးအချက်လက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | “ယေဟောဝါဘုရားနဲ့ တရင်းတနှီး ရှိနေလို့ ကျွန်မ ပျော်ရွှင်နေ”

နောက်ဆုံးအချက်လက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | “ယေဟောဝါဘုရားနဲ့ တရင်းတနှီး ရှိနေလို့ ကျွန်မ ပျော်ရွှင်နေ”

၂၀၂၃ ခုနှစ်၊ ဇွန် ၆ ရက်မှာ ပရီမိုရ်ဒေသ၊ ပါ့တီဇန့်မြို့ တရားရုံးက ညီအစ်မ အီရီနာ ဘူဂလဂ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်နဲ့ ခြောက်လ ချမှတ်လိုက်ပါတယ်။ အခုလောလောဆယ် သူ ထောင်ထဲ သွားစရာ မလိုပါ။

အချိန်ပြဇယား

  1. သြဂုတ် ၆၊ ၂၀၂၁

    အီရီနာရဲ့ အမှုကို ကြားနာစစ်ဆေးဖို့ ပါ့တီဇန့်မြို့ တရားရုံးဆီ ပြန်ပို့တယ်။

  2. နိုဝင်ဘာ ၃၀၊ ၂၀၂၀

    သက်သေအထောက်အထား မရှိတဲ့အတွက် အီရီနာရဲ့ အမှုကို အစိုးရ ရှေ့နေရုံးဆီ ပြန်ပို့ကြတယ်။

  3. ဇန်နဝါရီ ၃၁၊ ၂၀၂၀

    ၁၀၇ ရက် နေအိမ်အကျယ်ချုပ် ချထားရာကနေ ပြန်လွှတ်ပေးတယ်။

  4. အောက်တိုဘာ ၁၆၊ ၂၀၁၉

    ထောင်မှာ ၁၇၉ ရက် နေခဲ့ရပြီးတဲ့နောက် ပြန်လွှတ်လာတယ်။ နေအိမ်အကျယ်ချုပ် ချခံရတယ်။

  5. ဧပြီ ၂၀၊ ၂၀၁၉

    နံနက် ၃ နာရီမှာ FSB ရဲအရာရှိတွေက အီရီနာအိမ်ကို ဝင်ရှာဖွေတယ်။ ဘာသာရေး အစည်းအဝေးတွေကို စီစဉ်ကျင်းပမှုနဲ့ တရားစွဲတယ်။ အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ဖမ်းချုပ်ထားပြီး ချုပ်ရက်သက်တမ်း သုံးကြိမ်တိုင် တိုးခဲ့တယ်။

  6. ဧပြီ ၁၉၊ ၂၀၁၉

    FSB ရဲအရာရှိ ရှစ်ယောက်က အသက် ၈၀ အရွယ် ညီအစ်မ နယ်လီ တာရာစရွတ်ရဲ့ တိုက်ခန်းကို ဝင်ရှာဖွေတယ်။ တိုက်ခန်းထဲမှာ အီရီနာနဲ့ သမီး နာတာလရာအပြင် တခြားညီအစ်မတွေလည်း ရှိနေတယ်။ အဲဒီအချိန်မှာ နယ်လီ နေမကောင်း ဖြစ်သွားလို့ ဆေးရုံတင်လိုက်ရတယ်။ ကျန်တဲ့ ညီအစ်မအားလုံးကို ဖမ်းချုပ်ပြီး တစ်ညလုံး စစ်ဆေးမေးမြန်းတယ်။ အီရီနာကိုတော့ ထိန်းသိမ်းထားတယ်။

ကိုယ်ရေးအကျဉ်း

အီရီနာနဲ့ ရုရှားက ချစ်ရတဲ့ ညီအစ်ကို/မအားလုံး အရာရာကို ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်စေဖို့ ယေဟောဝါဘုရားဆီ ဆုတောင်းပေးနေပါတယ်။—ကောလောသဲ ၁:၁၁