မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်ဆန်ဒါ ရှူတို့ဗ်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက် | နောက်ဆုံးအချက်လက်– ၂၀၂၃ ခုနှစ်၊ ဇွန် ၁၃ ရက်
ရုရှား

နောက်ဆုံးအချက်လက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | ယေဟောဝါဘုရားသခင်ရဲ့ လမ်းပြမှုကို အလက်ဆန်ဒါ ရှူတို့ဗ် ဆက်အားကိုး

နောက်ဆုံးအချက်လက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | ယေဟောဝါဘုရားသခင်ရဲ့ လမ်းပြမှုကို အလက်ဆန်ဒါ ရှူတို့ဗ် ဆက်အားကိုး

၂၀၂၃ ခုနှစ်၊ ဇွန် ၉ မှာ ရုရှားနိုင်ငံ၊ ခါဘာရော့ဗ်နယ်မြေ၊ လာဇို ခရိုင်တရားရုံးက ညီအစ်ကို အလက်ဆန်ဒါ ရှူတို့ဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်နဲ့ ငါးလ ချမှတ်လိုက်တယ်။ အခုလောလောဆယ် သူ ထောင်ထဲ သွားစရာ မလိုပါ။

အချိန်ပြဇယား

  1. ဇူလိုင် ၂၆၊ ၂၀၂၁

    ပြစ်မှု စတင်စွဲဆိုတယ်။

  2. ဇူလိုင် ၃၀၊ ၂၀၂၁

    ရဲတွေက အိမ်ကို ဝင်ရှာကြတယ်။ အလက်ဆန်ဒါကို ဖမ်းပြီး မေးမြန်းစစ်ဆေးတယ်။ သူ့ကို လွှတ်ပေးလိုက်ပေမဲ့ အသွားအလာ ကန့်သတ်လိုက်တယ်။

  3. သြဂုတ် ၃၊ ၂၀၂၁

    ရုရှား အစွန်းရောက်သမား စာရင်းထဲ ထည့်လိုက်တယ်။

  4. ဧပြီ ၂၈၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

နှိပ်စက်ညှဉ်းပန်းမှုအရှိန် ပြင်းထန်လာချိန်မှာ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ပိုခိုင်မာအောင်လုပ်ပြီး ‘ဘုရားသခင်ရဲ့ ခိုင်မြဲတဲ့မေတ္တာကို အစဉ်ထာဝရ ကိုးစား’ နိုင်ကြပါစေ။—ဆာလံ ၅၂:၈