မာတိကာဆီ ကျော်သွား

ညီအစ်ကို ပျောတာနဲ့ ဇနီး မာရာ

၂၀၂၂၊ ဇန်နဝါရီ ၄
ရုရှား

နောက်ဆုံးအချက်အလက် | ကြိုတင်ပြင်ဆင်ခြင်းနဲ့ မျှော်လင့်ချက်က ညီအစ်ကို ပျောတာ ခရုပနော့ဗ်နဲ့ ဇနီး မာရာတို့ကို ထောက်ကူပေး

နောက်ဆုံးအချက်အလက် | ကြိုတင်ပြင်ဆင်ခြင်းနဲ့ မျှော်လင့်ချက်က ညီအစ်ကို ပျောတာ ခရုပနော့ဗ်နဲ့ ဇနီး မာရာတို့ကို ထောက်ကူပေး

၂၀၂၂၊ မတ် ၉ မှာ ပင်ဇာမြို့၊ ခရိုင်တရားရုံးက ညီအစ်ကို ပျောတာ ခရုပနော့ဗ်နဲ့ ဇနီး မာရာတို့ရဲ့ အယူခံကို ပယ်ချခဲ့တယ်။ လောလောဆယ် သူတို့ ထောင်ထဲ သွားစရာ မလိုပါ။

အချိန်ပြဇယား

  1. ၂၀၂၁၊ ဒီဇင်ဘာ ၃၀

    ပန်ဇာဒေသ၊ နီကောလ်စကီ ခရိုင်တရားရုံးက ပျောတာနဲ့ ဇနီး မာရာကို ဆိုင်းငံ့ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ပါတယ်။

  2. ၂၀၂၁၊ အောက်တိုဘာ ၂၅

    အမှုကို စတင် ကြားနာစစ်ဆေးတယ်

  3. ၂၀၂၁၊ အောက်တိုဘာ ၁၂

    ပျောတာနဲ့ မာရာတို့ကို မိတ်ဆွေတွေနဲ့ ဘာသာရေးအကြောင်း ဆွေးနွေးတဲ့အတွက် အကြမ်းဖက်သမား၊ အစွန်းရောက်သမား စာရင်းထဲ ထည့်လိုက်ကြတယ်

  4. ၂၀၂၁၊ စက်တင်ဘာ ၁၅

    မာရာကို ရာဇဝတ်မှုနဲ့ တရားစွဲတယ်။ ပျောတာကိုတော့ တရားခံအဖြစ် နောက်ပိုင်းမှ အမှုလုပ်တယ်

  5. ၂၀၂၀၊ အောက်တိုဘာ ၁၁

    လုံခြုံရေး အရာရှိတွေဟာ နီကောလ်စကီမြို့က ခရုပနော့ဗ်တို့ အိမ်အပါအဝင် ယေဟောဝါသက်သေ မိသားစု လေးစုရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေခဲ့တယ်

ကိုယ်ရေးအကျဉ်း

ပျောတာနဲ့ မာရာတို့ရဲ့ မျှော်လင့်ချက်ဟာ ကျောက်ဆူးလို ခိုင်ခံ့မြဲမြံနေပြီး ယေဟောဝါဘုရားကို ကိုးစားနေကြတယ်။ သူတို့ရဲ့ စံနမူနာက ကျွန်တော်တို့ကို အလွန် အားရှိစေတယ်။—ဟီဘရူး ၆:၁၉