မာတိကာဆီ ကျော်သွား

ညီအစ်ကို ပါဗယ် ပါးဘို့

၂၀၂၂ ခုနှစ်၊ မေ ၂၅ ရက်
ရုရှား

နောက်ဆုံးအချက်အလက် | “ကြောက်စရာ အကြောင်းမရှိ”

နောက်ဆုံးအချက်အလက် | “ကြောက်စရာ အကြောင်းမရှိ”

၂၀၂၂ ခုနှစ်၊ မေ ၂၅ ရက်မှာ ချီယာဘင့်စ်ဒေသ၊ မီတလော့ဂျီချက်စကီ ခရိုင်တရားရုံးက ညီအစ်ကို ပါဗယ် ပါးဘို့ကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ပါတယ်။ အခုလောလောဆယ် သူ ထောင်ထဲ သွားစရာမလိုပါ။

အချိန်ပြဇယား

  1. မတ် ၂၆၊ ၂၀၁၉

    တူကြီးတစ်ချောင်းနဲ့ စက်သေနတ်တွေ ကိုင်ဆောင်လာတဲ့၊ မျက်နှာဖုံးစွပ်ထားတဲ့ လူဆယ်ယောက်က ပါဗယ်ရဲ့အိမ်ကို ဝင်စီးပြီး ရှာဖွေကြတယ်။

  2. ဧပြီ ၂၂၊ ၂၀၂၁

    ပြစ်မှုနဲ့ တရားစွဲ

  3. မေ ၁၈၊ ၂၀၂၁

    အာဏာပိုင်တွေက ပါဗယ်ရဲ့အိမ်ကို ဒုတိယအကြိမ် ရှာဖွေတယ်။ ပါဗယ်ရဲ့ဇနီး ယယ်လီနာနဲ့ ၁၃ နှစ်အရွယ် သမီးလေးကို စစ်ကြောဖို့ ခေါ်သွားကြတယ်။

  4. သြဂုတ် ၃၁၊ ၂၀၂၁

    အကြမ်းဖက်မှုနဲ့အစွန်းရောက် စာရင်းမှာ ထည့်သွင်းလိုက်တယ်။

  5. နိုဝင်ဘာ ၂၉၊ ၂၀၂၁

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

စုံစမ်းခြင်းတွေ ကြုံရတဲ့အခါ မကြောက်မရွံ့ သမာဓိစောင့်သိကြတဲ့ သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါ ဆက်ပြီး ထောက်မပေးမယ်၊ ဆုချမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။—၂ ရှမွေလ ၂၂:၁၉-၂၁