၂၀၂၂ ခုနှစ်၊ မေ ၁၀ ရက်
ရုရှား
နောက်ဆုံးအချက်အလက် | ဂါလီနာ အဘရိုဆမိုးဗာ ကြောက်စိတ်ကို ကျော်လွှား
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၁ ရက်မှာ နိဇ်နီ နို့ဗ်ဂိုရော့ ခရိုင်တရားရုံးက ညီအစ်မ ဂါလီနာ အဘရိုဆမိုးဗာရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ အခုလောလောဆယ် သူ ထောင်ထဲသွားစရာ မလိုပါ။
၂၀၂၂ ခုနှစ်၊ မေ ၆ ရက်မှာ နိဇ်နီ နို့ဗ်ဂိုရော့မြို့၊ ဆိုဗီယက်စကီ ခရိုင်တရားရုံးက ဂါလီနာကို စွဲချက်တင်ပြီး ဆိုင်းငံ့ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။
အချိန်ပြဇယား
ဇွန် ၄၊ ၂၀၁၉
နိဇ်နီ နို့ဗ်ဂိုရော့မြို့က ယေဟောဝါသက်သေတချို့ကို စစ်ဆေးရေးအရာရှိတွေ တရားစွဲတယ်။ အစည်းအဝေးတွေ ကျင်းပတယ်၊ အလှူငွေ ကောက်ခံတယ်၊ ပိတ်ပင်ထားတဲ့ ဘာသာရေးအဖွဲ့အကြောင်း လိုက်ဆွယ်တယ်ဆိုပြီး စွဲချက်တင်တယ်။
ဇူလိုင် ၁၇၊ ၂၀၁၉
ယေဟောဝါသက်သေမိသားစု ၃၅ စုရဲ့အိမ်တွေကို ဝင်ရောက်စီးနင်းပြီး ရှာဖွေကြတယ်။ ဂါလီနာကို ဖမ်းဆီးပြီး ယာယီအချုပ်ထောင်မှာ ၂ ရက်ချုပ်ထားတယ်။
အောက်တိုဘာ ၁၉၊ ၂၀၂၁
ဂါလီနာရဲ့ပြစ်မှုကို စတင်ကြားနာစစ်ဆေးတယ်။
ကိုယ်ရေးအကျဉ်း
ယေဟောဝါဘုရားက ရုရှားက ညီအစ်ကို/မတွေကို “ဘုရင်ခံတွေ၊ ဘုရင်တွေ ... ကို သက်သေခံ” နိုင်ဖို့ သတ္တိဆက်ပေးနေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—မာကု ၁၃:၉။