မာတိကာဆီ ကျော်သွား

ဘယ်မှ ညာ၊ အပေါ်။ ညီအစ်ကို ဆာဂေး အာဂက်ဇခါနာ၊ ညီအစ်မ လျုဘို့ဗ် အက်စာသယန်၊ ညီအစ်မ ဂါလီနာ ဒရက်ချာဗာ၊ ညီအစ်မ အင်နာ ကာဒါကိုဗာ

အလယ်။ ညီအစ်မ အီရီးနာ ကဟို့ဗ်စတာဗာ၊ ညီအစ်မ ဂါလီနာ ပရက်ကာ၊ ညီအစ်ကို ကွန်စတန်တင် ပီထရို့ဗ်၊ ညီအစ်ကို အီဗန် ပူရီဒါ၊ ညီအစ်ကို ဗီတာ ရီဗီကင်

အောက်။ ညီအစ်ကို မီခေးလ် ဆွန်းဆာ့ဗ်နဲ့ ဇနီး အော့ခ်ဆာနာ၊ ညီအစ်ကို ဆာဂေး ယာကင်၊ ညီအစ်ကို ယေ့ဗ်ဂျနီ ဇီယေဘလို့ဗ်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ မတ် ၇ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—စီရင်ချက်ချ | မာဂဒန်ဒေသက ယေဟောဝါသက်သေ ၁၃ ယောက် အမှုရင်ဆိုင်နေရ

နောက်ဆုံးအချက်အလက်—စီရင်ချက်ချ | မာဂဒန်ဒေသက ယေဟောဝါသက်သေ ၁၃ ယောက် အမှုရင်ဆိုင်နေရ

၂၀၂၄ ခုနှစ်၊ မတ် ၆ ရက်မှာ မာဂဒန်ဒေသ၊ မာဂဒန်တရားရုံးက ဆာဂေး အာဂက်ဇခါနာ၊ လျုဘို့ဗ် အက်စာသယန်၊ ဂါလီနာ ဒရက်ချာဗာ၊ အင်နာ ကာဒါကိုဗာ၊ အီရီးနာ ကဟို့ဗ်စတာဗာ၊ ဂါလီနာ ပရက်ကာ၊ ကွန်စတန်တင် ပီထရို့ဗ်၊ အီဗန် ပူရီဒါ၊ ဗီတာ ရီဗီကင်၊ မီခေးလ် ဆွန်းဆာ့ဗ်၊ အော့ခ်ဆာနာ ဆွန်ဆဗာ၊ ဆာဂေး ယာကင်၊ ယေ့ဗ်ဂျနီ ဇီယေဘလို့ဗ်တို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်ပါတယ်။

ဆာဂေး အာဂက်ဇခါနာ၊ လျုဘို့ဗ်၊ ဂါလီနာ ဒရက်ချာဗာ၊ အင်နာ၊ အီရီးနာ၊ ဂါလီနာ ပရက်ကာ၊ ဗီတာ၊ မီခေးလ်၊ အော့ခ်ဆာနာတို့ကို ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ် အသီးသီး ချမှတ်လိုက်တယ်။ ယေ့ဗ်ဂျနီကို ဆိုင်းငံ့ထောင်ဒဏ် ငါးနှစ် ချမှတ်ပြီး ကွန်စတန်တင်၊ အီဗန်နဲ့ ဆာဂေး ယာကင်ကို ဆိုင်းငံ့ထောင်ဒဏ် ခုနစ်နှစ် ချမှတ်လိုက်တယ်။ အခုလောလောဆယ် ဒီညီအစ်ကို/မ တစ်ယောက်မှ ထောင်ထဲသွားစရာမလိုပါ။

အချိန်ပြဇယား

  1. မေ ၃၀၊ ၂၀၁၈

    အီဗန်၊ ကွန်စတန်တင်၊ ဆာဂေး ယာကင်နဲ့ ယေ့ဗ်ဂျနီတို့ကို အစွန်းရောက်အဖွဲ့အစည်းရဲ့လုပ်ငန်းတွေ စီစဉ်ဖွဲ့စည်းမှုဆိုတဲ့ ပြစ်မှုနဲ့ တရားစွဲ

  2. ဇွန် ၁၊ ၂၀၁၈

    ညီအစ်ကိုလေးယောက်ကို အချုပ်ချ

  3. ဩဂုတ် ၃၊ ၂၀၁၈

    ကွန်စတန်တင်ကို အချုပ်ကနေ လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ချ

  4. အောက်တိုဘာ ၅၊ ၂၀၁၈

    အီဗန်၊ ဆာဂေး ယာကင်နဲ့ ယေ့ဗ်ဂျနီတို့ကို ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ချ

  5. မတ် ၂၀၊ ၂၀၁၉

    ဆာဂေး အာဂက်ဇခါနာ၊ ဂါလီနာ ဒရက်ချာဗာ၊ အင်နာ၊ အီရီးနာ၊ လျုဘို့ဗ်၊ မီခေးလ်၊ အော့ခ်ဆာနာနဲ့ ဗီတာတို့ကို ပြစ်မှုနဲ့ တရားစွဲ။ သူတို့အားလုံး ခရီးသွားလာခွင့် ကန့်သတ်ခံရ

  6. မတ် ၂၇၊ ၂၀၁၉

    အီဗန်၊ ကွန်စတန်တင်၊ ဆာဂေး ယာကင်နဲ့ ယေ့ဗ်ဂျနီတို့ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့်ကန့်သတ်

  7. ဧပြီ ၁၊ ၂၀၁၉

    ပြစ်မှုနဲ့တရားစွဲခံရတဲ့ ညီအစ်ကို၊ ညီအစ်မတွေရဲ့အမှုကို တစ်မှုတည်းအဖြစ် ပေါင်း

  8. မတ် ၂၊ ၂၀၂၁

    ဂါလီနာ ပရက်ကာကို ခရီးသွားလာခွင့်ကန့်သတ်

  9. မတ် ၅၊ ၂၀၂၁

    ဂါလီနာ ပရက်ကာကို အစွန်းရောက်အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေမှာ ပါဝင်မှုနဲ့ တရားစွဲ၊ သူ့အမှုနဲ့ တခြားညီအစ်ကို/မ ၁၂ ယောက်ရဲ့အမှုကို တစ်မှုတည်းအဖြစ် ပေါင်း

  10. ဧပြီ ၂၅၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေး

ကိုယ်ရေးအကျဉ်း

“ဘုရားသခင့် စွမ်းအားတော်ရဲ့ ဘုန်းအသရေ သက်ရောက်နေ” တဲ့အတွက် ညီအစ်ကို၊ ညီအစ်မတွေဟာ “ခရစ်တော်ရဲ့ နာမည်ကြောင့် ကဲ့ရဲ့ခံ” နေရပေမဲ့ ဆက်ဝမ်းမြောက်နေကြလို့ ကျွန်တော်တို့ အားရှိပါတယ်။—၁ ပေတရု ၄:၁၄

a ညီအစ်ကို ဆာဂေး အာဂက်ဇခါနာ ရဲ့ကိုယ်ပိုင်မှတ်ချက် မရယူနိုင်ခဲ့ပါ။