မာတိကာဆီ ကျော်သွား

ဘယ်မှ ညာသို့။ ဗစ်တာ ရှစ်ပီလို (ရှေ့နေ)၊ ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ်၊ ဆန်ဇ်ဟာနာ ဘဇာနို့ဗ် ၊ ညီအစ်မ ဗီရာ ဇိုလိုတိုဗာ၊ ဗစ်တာ ဂျဲန်ဟော့ (ရှေ့နေ) နဲ့ မာ့ခ်စင် နိုဗာခေါ့ (ရှေ့နေ)

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၇ ရက် | နောက်ဆုံးအချက်အလက်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—စီရင်ချက်အသစ် ချမှတ် | ယေဟောဝါသက်သေ သုံးယောက်ရဲ့ အယူခံကို ရုရှားတရားရုံး ပယ်ချ

နောက်ဆုံးအချက်အလက်—စီရင်ချက်အသစ် ချမှတ် | ယေဟောဝါသက်သေ သုံးယောက်ရဲ့ အယူခံကို ရုရှားတရားရုံး ပယ်ချ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကမ်ချက်ကာဒေသ တရားရုံးက ညီအစ်ကို ကွန်စတန်တင်နဲ့ ဇနီး ဆန်ဇ်ဟာနာ၊ ညီအစ်မ ဗီရာတို့ကို ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ် ပြန်လည်ချမှတ်လိုက်တယ်။ အခုလောလောဆယ် သူတို့ ထောင်ထဲသွားစရာ မလိုပါ။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ရုရှားတရားရုံးချုပ်ရဲ့ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးအဖွဲ့က ညီအစ်မ ဗီရာ ဇိုလိုတိုဗာ၊ ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ်နဲ့ ဇနီး ဆန်ဇ်ဟာနာတို့ကို တရားသေလွှတ်တဲ့ အောက်ရုံးရဲ့စီရင်ချက်ကို ပယ်ဖျက်လိုက်တယ်။ သူတို့ရဲ့အမှုကို အယူခံတရားရုံးဆီ ပြန်လွှဲလိုက်ပါပြီ။ ယေဟောဝါသက်သေတွေကို အားပေးထောက်မဖို့ အနည်းဆုံး နိုင်ငံခြားသံရုံး ခြောက်ရုံးက ကိုယ်စားလှယ်တွေက တရားခွင်ကို လာရောက်ခဲ့ကြတယ်။

ဗီရာ၊ ကွန်စတန်တင်နဲ့ ဆန်ဇ်ဟာနာတို့ကို တရားသေလွှတ်တဲ့ စီရင်ချက်ကို ပယ်ဖျက်ပေးဖို့ အစိုးရရှေ့နေက တောင်းဆိုခဲ့ပေမဲ့ ၂၀၂၂၊ ဇွန် ၁၀ ရက်နေ့မှာ တရားစီရင်ရေးနယ်မြေ ၉ အယူခံတရားရုံးက တောင်းဆိုချက်ကို ငြင်းပယ်ခဲ့တယ်။ အစိုးရရှေ့နေက ရုရှားတရားရုံးချုပ်မှာ အယူခံဝင်ထားပါတယ်။

၂၀၂၂၊ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ကမ်ချက်ကာဒေသ တရားရုံးက ဗီရာ၊ ကွန်စတန်တင်နဲ့ ဇနီး ဆန်ဇ်ဟာနာတို့ ဒုတိယအကြိမ် တင်သွင်းတဲ့ အယူခံကို လက်ခံပေးပြီး စွဲချက်အားလုံးကနေ တရားသေလွှတ်ပေးခဲ့တယ်။ စီရင်ချက်က ချက်ချင်း အကျိုးသက်ရောက်လို့ သုံးယောက်စလုံးဟာ မတရား ပြစ်ဒဏ်စီရင်ခံရမှုအတွက် လျော်ကြေး တောင်းဆိုနိုင်ပါပြီ။ အစိုးရရှေ့နေက စီရင်ချက်ကို အယူခံဝင်ပါမယ်။

၂၀၂၀၊ နိုဝင်ဘာ ၁၇ ရက်မှာ ကမ်ချက်ကာဒေသ တရားရုံးက ဗီရာ၊ ကွန်စတန်တင်နဲ့ ဇနီး ဆန်ဇ်ဟာနာတို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။မူလ ချမှတ်ထားတဲ့ ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ် အခု စတင် အကျိုးသက်ရောက်ပါပြီ။ ဒီတစ်ကြိမ်မှာ ထောင်ထဲ ဝင်စရာ မလိုပါဘူး။ သုံးယောက်စလုံး သစ္စာရှိရှိရပ်တည်နေပြီး ပျော်ရွှင်နေပါတယ်။

၂၀၂၀၊ စက်တင်ဘာ ၂၅ ရက်၊ အမှုကြားနာလို့ အပြီးမှာ ညီအစ်ကို ကွန်စတန်တင် က အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခံရပေမဲ့ မစိုးရိမ်ကြောင်း၊ ယေရှုတပည့်တွေ နှိပ်စက်ညှဉ်းဆဲခံရမယ်ဆိုတဲ့ ယောဟန် ၁၅:၂၀ ကြိုဟောချက် ပြည့်စုံမှုမှာ ပါဝင်ရတာ အခွင့်ထူးဖြစ်ကြောင်း တရားသူကြီးကို သတ္တိရှိရှိ ပြောခဲ့တယ်။

မဿဲ ၂၈:၁၉၊ ၂၀ မှာ ယေရှုက တပည့်တွေကို ဟောပြောဖို့ မိန့်မှာခဲ့တယ်၊ “ခရစ်တော်ရဲ့ မိန့်မှာချက်ကို ဘယ်သူ ပယ်ဖျက်ခွင့်၊ တားဆီးခွင့် ရှိသလဲ၊ ကျွန်တော်ကတော့ နှုတ်ဆိတ်မနေနိုင်ဘူး၊ . . . ကျမ်းစာမှာ ပါတဲ့ သတင်းကောင်းကို ဆက်ဟောနေမှာပါ” လို့ တရားရုံးမှာ ညီအစ်ကို ကွန်စတန်တင် ရဲရဲဝံ့ဝံ့ ပြောကြားခဲ့တယ်။