မာတိကာဆီ ကျော်သွား

ညီအစ်ကို ပါဗယ် ဘရေကို့ဗ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ မတ် ၁၃ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—စီရင်ချက် ပြောင်းလဲ | ‘ယေဟောဝါကို ယုံကြည်အားကိုးသွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်’

နောက်ဆုံးအချက်အလက်—စီရင်ချက် ပြောင်းလဲ | ‘ယေဟောဝါကို ယုံကြည်အားကိုးသွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်’

၂၀၂၄ ခုနှစ်၊ မတ် ၁၂ ရက်မှာ ကင်မရိုဗိုဒေသတရားရုံးက ညီအစ်ကို ပါဗယ် ဘရေကို့ဗ်ရဲ့ အယူခံမှုကို စီရင်ချက်ချခဲ့တယ်။ အလုပ်ကြမ်းပြစ်ဒဏ် ချမှတ်ခဲ့တဲ့ အောက်ရုံးရဲ့စီရင်ချက်ကို ပယ်ဖျက်ပြီး ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်တာပါ။ a လောလောဆယ် သူ ထောင်ထဲသွားစရာ မလိုဘူး။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်မှာ ပရာကော့ပယာ့စ်မြို့ ဗဟိုခရိုင်တရားရုံးက ညီအစ်ကို ပါဗယ် ဘရေကို့ဗ်ကို အပြစ်ရှိကြောင်းစီရင်ပြီး အလုပ်ကြမ်း နှစ်နှစ်နဲ့ဆယ်လ ပြစ်ဒဏ်ချမှတ်ခဲ့တယ်။ လောလောဆယ် သူ ထောင်ထဲသွားစရာ မလိုဘူး။

ကိုယ်ရေးအကျဉ်း

ချစ်ရတဲ့ ညီအစ်ကို/မတွေ နှိပ်စက်ခံနေရလို့ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ အနာဂတ်ကောင်းချီးတွေ ပြည့်စုံမယ့်နေ့ကို ယုံကြည်မှုအပြည့်နဲ့ စောင့်မျှော်ရင်း “ကယ်တင်ရှင် ဘုရားသခင်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေ” ဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။—မိက္ခာ ၇:၇

အချိန်ပြဇယား

  1. နိုဝင်ဘာ ၁၀၊ ၂၀၂၁

    အိမ်ကို ဝင်ရောက်ရှာဖွေ။ ပါဗယ်နဲ့ ဗာရာကို စစ်ဆေးမေးမြန်း

  2. မေ ၃၀၊ ၂၀၂၂

    ပြစ်မှု ဖွင့်လှစ်

  3. မတ် ၁၆၊ ၂၀၂၃

    ပါဗယ်ကို ခရီးသွားလာခွင့် ကန့်သတ်

  4. မေ ၂၅၊ ၂၀၂၃

    ပြစ်မှု စတင်ကြားနာစစ်ဆေး

a အလုပ်ကြမ်းချမှတ်ခံရသူဟာ အာဏာပိုင်တွေပေးတဲ့ အလုပ်တာဝန်ကို ထမ်းဆောင်ရပြီး လခရဲ့ ၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရတယ်။ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူး ဒါမှမဟုတ် အလုပ်လုပ်ဖို့ ငြင်းဆန်တယ်လို့ သတ်မှတ်ခံရရင် ထောင်ထဲ အပို့ခံရနိုင်တယ်။