မာတိကာဆီ ကျော်သွား

ညီအစ်ကို အနာတိုလီ ဂေါ်ဘူနို့ဗ်နဲ့ ဇနီး ဂါလီနာ

သြဂုတ် ၅၊ ၂၀၂၁
ရုရှား

နောက်ဆုံးအချက်အလက် | စွဲစွဲမြဲမြဲ ဆုတောင်ခြင်းက ဆက်ရွှင်လန်းနေဖို့ ညီအစ်ကို အနာတိုလီ ဂေါ်ဘူနို့ဗ်ကို ကူညီပေး

နောက်ဆုံးအချက်အလက် | စွဲစွဲမြဲမြဲ ဆုတောင်ခြင်းက ဆက်ရွှင်လန်းနေဖို့ ညီအစ်ကို အနာတိုလီ ဂေါ်ဘူနို့ဗ်ကို ကူညီပေး

၂၀၂၂ ခုနှစ်၊ ဇွန် ၂၁ ရက်မှာ ကရာနိုယာ့စ်ဒေသ တရားရုံးက ညီအစ်ကို အနာတိုလီ ဂေါ်ဘူနို့ဗ်ရဲ့ အယူခံကို ပယ်ချပြီး ပြစ်ဒဏ်ကို အတည်ပြုလိုက်တယ်။ သူ့ကို မကြာခင် အချုပ်ထောင်ကနေ အကျဉ်းထောင်ကို ပြောင်းရွှေ့ပါတော့မယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်မှာ ကရာနိုယာ့စ်ဒေသ၊ အောထ်ရာ့ဘာ့စကီ ခရိုင်တရားရုံးက ညီအစ်ကို အနာတိုလီ ဂေါ်ဘူနို့ဗ်ကို ထောင်ဒဏ် ခြောက်နှစ် ချလိုက်တယ်။ သူ့ကို ချက်ချင်း ခေါ်ဆောင်သွားကြတယ်။

အချိန်ပြဇယား

  1. ဖေဖော်ဝါရီ ၉၊ ၂၀၂၁

    အနာတိုလီကို ပြစ်မှုနဲ့ တရားစွဲတယ်။

  2. စက်တင်ဘာ ၁၅၊ ၂၀၂၀

    အနာတိုလီရဲ့ နေအိမ်ကို ဒုတိယအကြိမ် ဝင်ရောက်ရှာဖွေပြီး အာဏာပိုင်တွေက တိုက်ခန်းသော့ကို သိမ်းလိုက်တယ်။

  3. မတ် ၂၅၊ ၂၀၂၀

    အနာတိုလီကို ရာဇဝတ်မှုနဲ့ အမှုဆင်ကြတယ်။ ပိတ်ပင်ထားတဲ့ ဘာသာအတွက် အစည်းအဝေးတွေ စီစဉ်မှုနဲ့ တရားစွဲခံရတယ်။

  4. နိုဝင်ဘာ ၇၊ ၂၀၁၈

    အနာတိုလီရဲ့ တိုက်ခန်းကို မနက်စောစော ဝင်ရောက်ရှာဖွေကြတယ်။ အိတ်ဆောင် ကွန်ပျူတာ၊ တက်ဘလက်၊ မန်မိုရီစတစ်၊ ဟတ်ဒရိုက်၊ ဖုန်းနှစ်လုံးကို သိမ်းသွားကြတယ်။ အနာတိုလီကို စစ်ကြောဖို့ ရုရှား ဖယ်ဒရေးရှင်း စစ်ကြောရေး ကော်မတီရုံးဆီ ခေါ်သွားပြီး တစ်နာရီအကြာမှာ ပြန်လွှတ်ပေးတယ်။

ကိုယ်ရေးအကျဉ်း

အနာတိုလီနဲ့ မိသားစုဟာ ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို ဆက်ယုံကြည်ကိုးစားနေပါတယ်။ သူတို့ကို ဘုရား ထောက်မမယ်၊ ဆက်ရွှင်လန်းစေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။​—⁠ဆာလံ ၂၅:​၁၊ ၂