နိုဝင်ဘာ ၂၊ ၂၀၂၁
ရုရှား
နောက်ဆုံးအချက်အလက် | ဆာခါလင်မှာ တရားစွဲခံရသူ ငါးဦး ယေဟောဝါရဲ့ ထောက်မမှုကို အားကိုး
၂၀၂၂၊ မေလ ၁၁ ရက်မှာ ဆာခါလင်ဒေသ တရားရုံးက ညီအစ်ကို ဗီယာချီစလာ့ အီဗန်နို၊ အလက်စန်ဒါ ကို့ဇလင်တင်၊ ဆာဂေး ခူလာခေါ့ဗ်၊ ညီအစ်မ တာတယာနာ ခူလာခေါ့ဗာ၊ ညီအစ်ကို ယေ့ဂျနီ ယလင်တို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ ဒီတစ်ကြိမ် သူတို့ ထောင်ထဲဝင်စရာ မလိုပါ။
၂၀၂၂၊ ဇန်နဝါရီ ၃၁ ရက်မှာ ဆာခါလင်ဒေသ၊ နီဗယ်စကီမြို့ တရားရုံးက ဗီယာချီစလာ့၊ အလက်စန်ဒါ၊ ဆာဂေး၊ တာတယာနာ၊ ယေ့ဂျနီတို့ရဲ့ အမှုကို စီရင်ချက် ချလိုက်တယ်။ ဆာဂေးနဲ့ ယေ့ဂျနီကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်ခွဲ၊ ဗီယာချီစလာ့၊ အလက်စန်ဒါ၊ တာတယာနာတို့ကို ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ပါတယ်။
အချိန်ပြဇယား
ဇူလိုင် ၂၀၂၀
ဗီယာချီစလာ့၊ အလက်စန်ဒါ၊ ဆာဂေး၊ တာတယာနာတို့ကို ခရီးသွားလာခွင့် ကန့်သတ်လိုက်တယ်။
ဧပြီ ၂၊ ၂၀၂၀
ယေ့ဂျနီကို ခရီးသွားလာခွင့် ကန့်သတ်လိုက်တယ်။
ဇန်နဝါရီ ၂၀၊ ၂၀၁၉
ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) ရဲတွေ၊ ရုရှား လျှို့ဝှက်ရဲတွေက ယေဟောဝါသက်သေတွေရဲ့ အိမ် ၁၁ လုံးကို ဝင်ရောက်စီးနင်းကြတယ်။ ရဲတွေက ရန်လိုပြီး ကလေးသူငယ်တွေကိုပါ စစ်ကြောမေးမြန်းကြတယ်။ ယေဟောဝါသက်သေတွေကို နှိပ်စက်နေမှုအတွက် စစ်ဆေးမေးမြန်းမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင် ကတိပေးပြီး မကြာခင်မှာ အခုလို ဖြစ်ပျက်ခဲ့တယ်။
ကိုယ်ရေးအကျဉ်း
ညီအစ်ကို/မတွေက “ဘုရားသခင်ဟာ ကျွန်တော့်ရဲ့ ကယ်တင်ခြင်းပါ။ ဘုရားကိုပဲ ယုံကြည်ကိုးစားမယ်။ ဘာကိုမှ မကြောက်တော့ဘူး” လို့ ပရောဖက် ဟေရှာယလိုပဲ ပြောကြတဲ့အခါ သူတို့ကို ယေဟောဝါ ဆက်စောင့်ရှောက်ပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။—ဟေရှာယ ၁၂:၂။