မာတိကာဆီ ကျော်သွား

ညီအစ်ကို ယေ့ဗ်ဂျနီ ဘိတူဆို့နဲ့ လီယိုနက် ဒရူဇန်နန်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ညီအစ်ကိုတွေ ထောင်ချခံရ | ခရစ်ယာန်အရည်အသွေးတွေ ပိုတိုးတက်လာ

နောက်ဆုံးအချက်အလက်—ညီအစ်ကိုတွေ ထောင်ချခံရ | ခရစ်ယာန်အရည်အသွေးတွေ ပိုတိုးတက်လာ

အာမူရ်ဒေသ၊ ဇေစကီ ခရိုင်တရားရုံးက ညီအစ်ကို ယေ့ဗ်ဂျနီ ဘိတူဆို့နဲ့ လီယိုနက် ဒရူဇန်နန်ကို အပြစ်ရှိကြောင်း စီရင်ချက် ချခဲ့တယ်။ ညီအစ်ကို ယေ့ဗ်ဂျနီကို ထောင်ဒဏ် ခြောက်နှစ်၊ ညီအစ်ကို လီယိုနက်ကို ထောင်ဒဏ် ခြောက်နှစ်ခွဲ ချမှတ်တယ်။ ညီအစ်ကိုတွေကို တရားခွင်မှာပဲ ဖမ်းချုပ်လိုက်တယ်။

ကိုယ်ရေးအကျဉ်း

ခံနိုင်ရည်၊ စိတ်ရှည်မှု တင်ပြပြီး ဘုရားသခင်ရဲ့ အမှုဆောင်သူတွေဖြစ်မှန်း ပြသနေကြတဲ့ ညီအစ်ကို၊ ညီအစ်မတွေအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။—၂ ကောရိန္သု ၆:၃-၁၀

အချိန်ပြဇယား

  1. မတ် ၂၁၊ ၂၀၁၉

    ယေ့ဗ်ဂျနီနဲ့ လီယိုနက်တို့ရဲ့အိမ်အပါအဝင် ဇီရာမြို့က ယေဟောဝါသက်သေတွေရဲ့ အိမ်အတော်များများကို ရဲအရာရှိတွေ ဝင်ရောက်ရှာဖွေကြတယ်။

  2. ဩဂုတ် ၁၀၊ ၂၀၂၀

    ပြစ်မှုနဲ့ တရားစွဲဆိုတယ်။

  3. အောက်တိုဘာ ၁၃၊ ၂၀၂၀

    ယေ့ဗ်ဂျနီနဲ့ လီယိုနက်တို့ရဲ့အိမ်ကို ရဲအရာရှိတွေ ဒုတိယအကြိမ် ဝင်ရောက်ရှာဖွေကြတယ်။ လီယိုနက်ကို ဖမ်းချုပ်ပြီး နှစ်နာရီကြာ စစ်ဆေးမေးမြန်းတယ်။

  4. ဇွန် ၂၀၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။