မာတိကာဆီ ကျော်သွား

ညီအစ်ကို ဆာဂေး ဘီလိုဦးဆို့

ဧပြီ ၁၊ ၂၀၂၂
ရုရှား

နောက်ဆုံးအချက်အလက် | ညီအစ်ကို ဆာဂေး ဘီလိုဦးဆို့ ဘုရားသခင်နာမတော်ကို ကာကွယ်

နောက်ဆုံးအချက်အလက် | ညီအစ်ကို ဆာဂေး ဘီလိုဦးဆို့ ဘုရားသခင်နာမတော်ကို ကာကွယ်

၂၀၂၂ ခုနှစ်၊ ဇွန် ၃၀ ရက်မှာ တောမ်ဒေသ ခရိုင်တရားရုံးက ညီအစ်ကို ဆာဂေး ဘီလိုဦးဆို့ရဲ့အယူခံကို ပယ်ချလိုက်တယ်။ အခုလောလောဆယ် ထောင်ထဲ ဝင်စရာ မလိုပါ။

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၄ ရက်မှာ တောမ် ဒေသ၊ ဆာဗာစကီမြို့နယ်တရားရုံးက ဆာဂေးကို ဆိုင်းငံ့ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်။

အချိန်ပြဇယား

  1. ဇူလိုင် ၁၄၊ ၂၀၂၀

    FSB အရာရှိတွေက ဆာဂေးအိမ် အပါအဝင် အိမ် ခုနစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့တယ်။ အစိုးရ ကိုယ်စားလှယ်တစ်ဦးက ကျမ်းစာကို စိတ်ဝင်စားဟန်ဆောင်ပြီး ဝင်ရောက်မရှာဖွေခင် အသင်းတော် အစည်းအဝေးတွေကို လပေါင်းများစွာကတည်းက ကြိုတင် တိတ်တဆိတ် လျှို့ဝှက် အသံသွင်းခဲ့တယ်။

  2. မတ် ၂၅၊ ၂၀၂၁

    ဆာဂေးကို ပြစ်မှုနဲ့ တရားစွဲတယ်။

  3. မတ် ၃၀၊ ၂၀၂၁

    အစိုးရကိုယ်စားလှယ် အသံသွင်းထားတာကို အခြေခံပြီး ဆာဂေးကို တရားစွဲတယ်။ ဆာဂေးကို အွန်လိုင်း ဗီဒီယိုကွန်ဖရင့်နဲ့ ဘာသာရေး အစည်းအဝေးတွေမှာ ပါဝင်ခြင်း၊ ယေဟောဝါဘုရားဆီ သီချင်းဆိုခြင်း၊ ဆုတောင်းခြင်းနဲ့ စွဲချက်တင်တယ်။

ကိုယ်ရေးအကျဉ်း

ဆာဂေးလို ကျွန်တော်တို့လည်း ယေဟောဝါရဲ့ နာမည်ကို ချီးမွမ်းရင်း “ဘုရားက မိမိလူတွေရဲ့ အစွမ်းခွန်အားကို တိုးပွားစေမယ်” ဆိုတာ ယုံကြည်စိတ်ချကြပါတယ်။—ဆာလံ ၁၄၈:၁၃၊ ၁၄