မာတိကာဆီ ကျော်သွား

ညီအစ်ကို နီကိုလိုင် စပါရို့ဗ်နဲ့ ဇနီး နာတာလီယာ (ညာ)၊ သမီး အဲန်နာစတေးရှား (ဘယ်)

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈ ရက် | ပြင်ဆင်သည့်နေ့။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ညီအစ်ကို ထောင်ချခံရ |ဆုတောင်းခြင်းနဲ့ ကျမ်းစာဖတ်ရှုခြင်းက ခံရပ်နိုင်အောင် ခွန်အားပေး

နောက်ဆုံးအချက်အလက်—ညီအစ်ကို ထောင်ချခံရ |ဆုတောင်းခြင်းနဲ့ ကျမ်းစာဖတ်ရှုခြင်းက ခံရပ်နိုင်အောင် ခွန်အားပေး

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်မှာ အက်ဒဂေးရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်ကော့မြို့ တရားရုံးက ညီအစ်ကို နီကိုလိုင် စပါရို့ဗ်ရဲ့ အမှုကို အပြစ်ရှိကြောင်းစီရင်ပြီး ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်။ သူဟာ ၂၀၂၂ မတ်လ ကတည်းက အချုပ်ကျနေတာဖြစ်ပြီး အကျဉ်းထောင်မှာ ဆက်နေရပါမယ်။

အချိန်ပြဇယား

  1. မတ် ၂၂၊ ၂၀၂၂

    ပြစ်မှုနဲ့ တရားစွဲတယ်။

  2. မတ် ၂၃၊ ၂၀၂၂

    ဇနီး၊ သမီးနဲ့အတူ လေယာဉ်ကွင်းမှာ ရှိနေချိန် နီကိုလိုင် အဖမ်းခံရတယ်။ စစ်ဆေးမေးမြန်းခံရပြီးနောက် အစွန်းရောက်အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေကို စီစဉ်ဖွဲ့စည်းမှုနဲ့ တရားစွဲခံရတယ်။ ယာယီအချုပ်ထောင်ကို အပို့ခံရတယ်။ နောက်ပိုင်း နေအိမ်ကို ဝင်ရောက်ရှာဖွေကြတယ်။

  3. မတ် ၂၄၊ ၂၀၂၂

    နီကိုလိုင်ကို အချုပ်ထောင်ဆီ ပြောင်းရွှေ့လိုက်တယ်။

  4. မေ ၁၉၊ ၂၀၂၂

    ပြစ်မှု စတင် ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

နီကိုလိုင် မိသားစုရဲ့ ပုံနမူနာက ယေဟောဝါဘုရားဟာ သစ္စာရှိကျေးကျွန်တွေရဲ့ “အော်ဟစ်အကူအညီတောင်း” သံကို နားထောင်တယ်ဆိုတာကို အမှတ်ရစေပါတယ်။—ဆာလံ ၁၁၉:၁၄၇

a ဒီဆောင်းပါးကို ပြင်ဆင်နေချိန်မှာ ညီအစ်ကို နီကိုလိုင် အချုပ်ကျနေတဲ့အတွက် သူ့ဆီက ကိုယ်ပိုင်မှတ်ချက် မရယူနိုင်ပါ။