မာတိကာဆီ ကျော်သွား

ညီအစ်ကို ဒီမီထရီ ထရီဘီလို့ဗ်နဲ့ ဇနီး အီရီနာ

သြဂုတ် ၅၊ ၂၀၂၁
ရုရှား

နောက်ဆုံးအချက်အလက် | ညီအစ်ကို ဒီမီထရီ ထရီဘီလို့ဗ် ငါးကြိမ်မြောက် ထောင်ပြန်ကျနိုင်ဖွယ်ရှိ၊ ယုံကြည်ချက်အတွက်တော့ ဦးဆုံးအကြိမ် ဖြစ်

နောက်ဆုံးအချက်အလက် | ညီအစ်ကို ဒီမီထရီ ထရီဘီလို့ဗ် ငါးကြိမ်မြောက် ထောင်ပြန်ကျနိုင်ဖွယ်ရှိ၊ ယုံကြည်ချက်အတွက်တော့ ဦးဆုံးအကြိမ် ဖြစ်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်မှာ တရားစီရင်ရေးနယ်မြေ ၂ အယူခံတရားရုံးက ညီအစ်ကို ဒီမီထရီ ထရီဘီလို့ဗ်ရဲ့ ဒုတိယအယူခံကို ပယ်ချလိုက်ပါတယ်။ သူ ထောင်ထဲမှာပဲ ဆက်နေရပါမယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်မှာ ကော့ထရိုမာဒေသ တရားရုံးက ဒီမီထရီရဲ့အယူခံကို ပယ်ချလိုက်ပါတယ်။

အချိန်ပြဇယား

  1. ၂၀၂၁၊ စက်တင်ဘာ ၆

    ကော့ထရိုမာမြို့၊ ဆဗတ်လို့စကီ ခရိုင်တရားရုံးက ဒီမီထရီကို ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်။ စီရင်ချက်ချပြီးတာနဲ့ ထောင်ကို ချက်ချင်း ပို့လိုက်တယ်။

  2. ၂၀၂၀၊ စက်တင်ဘာ ၈

    ဒီမီထရီကို ရာဇဝတ်မှုနဲ့ ရုံးတင်စစ်ဆေးတယ်

  3. ၂၀၂၀၊ မေ ၂၅

    ဒီမီထရီကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုပြီး ခရီးသွားလာခွင့် ပိတ်ပင်လိုက်တယ်

  4. ၂၀၁၉၊ စက်တင်ဘာ ၁၉

    ဒီမီထရီရဲ့ ဘဏ်စာရင်း အပိတ်ခံရတယ်

  5. ၂၀၁၉၊ ဇွန် ၁၃

    ပိတ်ပင်ထားတဲ့ စာပေ ဝေငှမှု၊ ပိတ်ပင်ထားတဲ့ အဖွဲ့အစည်းရဲ့ အစည်းအဝေးတွေမှာ ပါဝင်မှုအတွက် ဒီမီထရီကို ရာဇဝတ်မှုနဲ့ စွဲချက်တင်တယ်

  6. ဇူလိုင် ၂၅၊ ၂၀၁၈

    ဒီမီထရီတို့ ဇနီးမောင်နှံ မော်လ်ဒိုဗာမှာ ကျင်းပတဲ့ အစည်းအဝေးကြီး တက်ပြီး ပြန်လာနေတုန်း အရာရှိတွေက အိမ်ထဲ ဝင်ရှာဖွေကြတယ်။ သူတို့ အိမ်ပြန်ရောက်တာနဲ့ ဖမ်းဆီးစစ်ကြောကြတယ်

ကိုယ်ရေးအကျဉ်း

“ခရစ်တော်ရဲ့ နာမည်ကြောင့် ကဲ့ရဲ့ခံရ” တဲ့အတွက် ဒီမီထရီ ဆက်ပျော်ရွှင်နေပါတယ်။ သူ့အပေါ် “ဘုရားသခင့် စွမ်းအားတော်ရဲ့ ဘုန်းအသရေ သက်ရောက်နေ” တယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချကြတယ်။—၁ ပေတရု ၄:၁၄