မာတိကာဆီ ကျော်သွား

ညီအစ်ကို ဒီမီထရီ ဘာမကင်နဲ့ ဇနီး ယေလီနာ

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက် |ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၉ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ညီအစ်ကို ပြန်လွတ်လာ | ထိန်းသိမ်းခံရတာ ကြာနေပေမဲ့ ညီအစ်ကို ဒီမီထရီ ဘာမကင် ပြုံးပျော်နေဆဲ

နောက်ဆုံးအချက်အလက်—ညီအစ်ကို ပြန်လွတ်လာ | ထိန်းသိမ်းခံရတာ ကြာနေပေမဲ့ ညီအစ်ကို ဒီမီထရီ ဘာမကင် ပြုံးပျော်နေဆဲ

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၈ ရက်မှာ ပရီမိုရ်ဒေသတရားရုံးက ညီအစ်ကို ဒီမီထရီ ဘာမကင်ကို အပြစ်ရှိကြောင်း စီရင်ခဲ့တဲ့ အောက်တရားရုံးဆုံးဖြတ်ချက်ကို ပယ်ဖျက်ပြီး ညီအစ်ကို ဒီမီထရီရဲ့ အယူခံကို အနိုင်ပေးခဲ့တယ်။ အချုပ်ကနေ ညီအစ်ကို ချက်ချင်း လွတ်လာပါပြီ။ ဒါပေမဲ့ အမှုကို အစိုးရရှေ့နေဆီ ပြန်လွှဲလိုက်လို့ တရားခွင်မှာ ကြားနာစစ်ဆေးမှုလုပ်တာ သုံးကြိမ်ရှိပါတော့မယ်။

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇ ရက်မှာပရီမိုရ်ဒေသ၊ ဗလာဒီဗော့စ်တော့မြို့၊ ပါဗိုရက်ချ်ကင်စကီ ခရိုင်တရားရုံး က ညီအစ်ကို ဒီမီထရီကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် ရှစ်နှစ် ချမှတ်လိုက်တယ်။ သူ့ကို တရားခွင်ကနေ ချက်ချင်း ခေါ်ဆောင်သွားပါတယ်။

ဒီမီထရီကို တရားသေ လွှတ်ပေးလိုက်တာကို ပရီမိုရ်ဒေသတရားရုံးက ၂၀၂၂၊ ဧပြီ ၈ မှာ ပယ်ချလိုက်ပါတယ်။ သူ့ရဲ့အမှုကို ပြန်စစ်ဆေးကြပါလိမ့်မယ်။

အချိန်ပြဇယား

  1. ၂၀၂၁၊ နိုဝင်ဘာ ၂၂ မှာ ပရီမိုရ်ဒေသ၊ ဗလာဒီဗော့စ်တော့မြို့၊ ပါဗိုရက်ချ်ကင်စကီ ခရိုင်တရားရုံးက ဒီမီထရီကို အပြစ်မရှိကြောင်း သတ်မှတ်ပြီး ရာဇဝတ်မှု စွဲချက်အားလုံးကနေ တရားသေ လွှတ်ပေးလိုက်ပါတယ်။ ရုရှား ပြစ်မှုကျင့်ထုံး ဥပဒေ အပိုဒ် ၂၈၂.၂(၁) အရ (အစွန်းရောက်အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို စီစဉ်ဆောင်ရွက်မှု)နဲ့ စွဲချက်တင်ခံရတဲ့ ယေဟောဝါသက်သေတစ်ဦးကို အပြစ်မရှိကြောင်း ပထမဆုံးအကြိမ် စီရင်ခြင်း ဖြစ်ပါတယ်။ သူနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်အားလုံးကို တရားရုံး ဖယ်ရှားပေးပါမယ်။ အစိုးရ ရှေ့နေရုံးက အယူခံ မဝင်ခဲ့ရင် ၂၀၂၁၊ ဒီဇင်ဘာ ၃ မှာ ဒီဆုံးဖြတ်ချက် အတည်ဖြစ်ပါမယ်။

  2. ဧပြီ ၂၀၊ ၂၀၂၁

    ပြစ်မှုနဲ့ တရားပြန်စွဲတယ်။

  3. ဒီဇင်ဘာ ၁၈၊ ၂၀၂၀

    ပြစ်မှုသက်သေမခိုင်လုံတဲ့အတွက် အစိုးရ ရှေ့နေဆီ အမှုပြန်လွှဲတယ်။ ကန့်သတ်ချက်တွေကတော့ အရင်အတိုင်းပါပဲ။

  4. အောက်တိုဘာ ၁၈၊ ၂၀၁၉

    ၄၄၇ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ကန့်သတ်ချက်တွေနဲ့ ပြန်လွတ်လာတယ်။ တရားရုံးက အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ အချုပ်သက်တမ်းကို ဆယ်ကြိမ် ထပ်တိုးခဲ့တယ်။

  5. ဇူလိုင် ၂၈၊ ၂၀၁၈

    ၂၀၁၈၊ ဇူလိုင် ၂၈ မနက် ၇ နာရီမှာ မျက်နှာဖုံးစွပ်၊ လက်နက်ကိုင် ရဲတွေက ညီအစ်မ ယေလီနာရဲ့ အသက် ၉၀ အရွယ် အဘွားနေတဲ့ တိုက်ခန်းကို ချိုးဖျက် ဝင်ရောက်လာကြတယ်။ ဒီမီထရီနဲ့ ယေလီနာတို့က အဘွားကို ပြုစုစောင့်ရှောက်ဖို့ အဲဒီကို ရောက်နေတာပါ။ နှစ်ယောက်စလုံးကို အဘွားအိမ်ကနေ ၁၀၉ မိုင်အကွာမှာ ရှိတဲ့ ဗလာဒီဗော့စ်တော့မြို့ကို ခေါ်သွားကြတယ်။ ဒီမီထရီကို ဖမ်းဆီးပြီး အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ အချုပ်ထဲ ထည့်လိုက်ကြတယ်။

  6. ဇူလိုင် ၂၇၊ ၂၀၁၈

    ညီအစ်ကို ဒီမီထရီ ဘာမကင်ကို ပြစ်မှုနဲ့ တရားစွဲတယ်။

  7. အောက်တိုဘာ၊ ၂၀၁၇

    ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) က အသက် ၃၀ အရွယ် အမျိုးသမီးတစ်ယောက် ကျမ်းစာကို စိတ်ဝင်စားပုံဖမ်းပြီး ညီအစ်ကို/မတွေနဲ့ စကားပြောတာတွေကို လျှို့ဝှက် အသံသွင်းယူထားတယ်။

ကိုယ်ရေးအကျဉ်း

ဒီမီထရီနဲ့ ယေလီနာတို့ မောင်နှံစုံဟာ သံတိုင်တွေ ခြားထားလို့ ဝေးနေရပေမဲ့ ‘ယေဟောဝါဘုရား ပေးတဲ့ ဝမ်းမြောက်ခြင်းကို ရဲတိုက်’ ဖြစ်စေတဲ့နေရာမှာ စံနမူနာကောင်း ပြနေကြပါတယ်။—နေဟမိ ၈:၁၀