မာတိကာဆီ ကျော်သွား

ညီအစ်ကို ကီရီလ် ယေ့စတိနိဗ်

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်
ရုရှား

နောက်ဆုံးအချက်အလက် | ညီအစ်ကို ယေ့စတိနိဗ် ယေဟောဝါကို ယုံကြည်ကိုးစားလို့ သစ္စာရှိရှိခံရပ်နေ

နောက်ဆုံးအချက်အလက် | ညီအစ်ကို ယေ့စတိနိဗ် ယေဟောဝါကို ယုံကြည်ကိုးစားလို့ သစ္စာရှိရှိခံရပ်နေ

၂၀၂၂ ခုနှစ် ဩဂုတ် ၁ ရက်မှာ နိဇ်နီ နို့ဗ်ဂိုရော့ဒေသ တရားရုံးက ညီအစ်ကို ကီရီလ် ယေ့စတိနိဗ်ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ လောလောဆယ် သူ ထောင်ထဲ ဝင်စရာ မလိုပါ။

၂၀၂၂၊ မေလ ၁၂ ရက်မှာနိဇ်နီ နို့ဗ်ဂိုရော့မြို့၊ လီနင်စကီ ခရိုင်တရားရုံးက ကီရီလ်ကို ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်။

အချိန်ပြဇယား

  1. အောက်တိုဘာ ၈၊ ၂၀၂၁

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။ လူမှုရေး ပေါင်းသင်းမှု တစ်ခုမှာ ပါဝင်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ဘာသာရေး အစည်းအဝေး မဟုတ်ကြောင်း တရားသူကြီးဆီ လျှောက်လဲချက်မှာ ကီရီလ် ရှင်းပြတယ်။

  2. ဩဂုတ် ၂၄၊ ၂၀၂၁

    ကီရီလ်ကို အသွားအလာ ကန့်သတ်လိုက်တယ်။

  3. စက်တင်ဘာ ၂၊ ၂၀၂၀

    ကီရီလ်ဟာ စည်းဝေးပွဲခန်းမကို တာဝန်ယူ ငှားရမ်းသူ ဖြစ်လို့ “အစွန်းရောက် လုပ်ဆောင်မှုတွေကို ငွေကြေးထောက်ပံ့မှု” နဲ့ စွဲချက်တင်ခံရတယ်။

  4. ဇူလိုင် ၁၁၊ ၂၀၁၉

    စည်းဝေးပွဲခန်းမ ငှားရမ်းတဲ့ စာချုပ်မှာ ကီရီလ် လက်မှတ်ထိုးထားတဲ့အတွက် အာဏာပိုင်တွေက သူ့ကို ပစ်မှတ်ထားပြီး နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့ကြတယ်။

  5. ဇွန် ၄၊ ၂၀၁၉

    စုဆုံပေါင်းသင်းမှုကြောင့် “အမည်မဖော်တဲ့ လူပုဂ္ဂိုလ်တွေကို” အာဏာပိုင်တွေ စပြီး စုံစမ်းစစ်ဆေးကြတယ်။

  6. ၂၀၁၉၊ ဧပြီ

    ကီရီလ်နဲ့ နိဇ်နီ နို့ဗ်ဂိုရော့မြို့က ယေဟောဝါသက်သေတွေဟာ စုဆုံပေါင်းသင်းဖို့ စည်းဝေးပွဲခန်းမတစ်ခု ငှားကြတယ်။

ကိုယ်ရေးအကျဉ်း

ကီရီလ်တို့ ဇနီးမောင်နှံနဲ့ ရုရှား၊ ခရိုင်းမီးယားက နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ သစ္စာရှိ ညီအစ်ကို/မတွေရဲ့ ရဲစွမ်းသတ္တိအကြောင်း ကြားရလို့ ကျွန်တော်တို့လည်း ယုံကြည်စိတ်ချမှု ပိုတိုးများလာပါတယ်။​—ဖိလိပ္ပိ ၁:​၁၃၊ ၁၄