မာတိကာဆီ ကျော်သွား

ညီအစ်ကို ယေ့ဗ်ဂျနီ ကိုရွန်တွန်

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်
ရုရှား

နောက်ဆုံးအချက်အလက် | ညီအစ်ကို ယေ့ဗ်ဂျနီ ကိုရွန်တွန်ကို ယေဟောဝါဘုရား နှစ်သိမ့်ပေး

နောက်ဆုံးအချက်အလက် | ညီအစ်ကို ယေ့ဗ်ဂျနီ ကိုရွန်တွန်ကို ယေဟောဝါဘုရား နှစ်သိမ့်ပေး

၂၀၂၂ ခုနှစ်၊ မေ ၁၆ ရက်မှာ တောမ်ဒေသ တရားရုံးက ညီအစ်ကို ယေ့ဗ်ဂျနီ ကိုရွန်တွန်ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ သူ ထောင်ထဲမှာ ဆက်နေရပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်မှာ တောမ်ဒေသ၊ ဆာဗာစကီမြို့ တရားရုံးက ယေ့ဗ်ဂျနီကို ထောင်ဒဏ် ခုနစ်နှစ် ချမှတ်လိုက်တယ်။ ပြစ်ဒဏ်က ချက်ချင်း အကျိုးသက်ရောက်ပါတယ်။

အချိန်ပြဇယား

  1. မတ် ၃၁၊ ၂၀၂၁

    အမှု စတင်ကြားနာတယ်။

  2. စက်တင်ဘာ ၇၊ ၂၀၂၀

    ထိန်းသိမ်းခံရတယ်၊ တရားရုံး ရောက်ပြီးတဲ့နောက် အချုပ်ခန်းထဲ ထည့်ထားကြတယ်။

  3. ဇူလိုင် ၁၅၊ ၂၀၂၀

    နေအိမ်အကျယ်ချုပ် ချခံရတယ်။

  4. ဇူလိုင် ၁၄၊ ၂၀၂၀

    ဆာဗာစကီမှာ ရှိတဲ့ ယေ့ဗ်ဂျနီရဲ့ အိမ်အပါအဝင် ယေဟောဝါသက်သေ မိသားစု ခြောက်စုရဲ့ အိမ်ကို FSB အရာရှိတွေ ဝင်ရောက်ရှာဖွေတယ်။

  5. ဇူလိုင် ၁၃၊ ၂၀၂၀

    ယေ့ဗ်ဂျနီကို ပြစ်မှုနဲ့ တရားစွဲတယ်။

  6. ၂၀၁၈–၂၀၁၉

    ကျမ်းစာကို စိတ်ဝင်စားဟန်ဆောင်တဲ့ လျှို့ဝှက်ရဲနှစ်ယောက်က ယေ့ဗ်ဂျနီနဲ့ ပြောဆိုခဲ့သမျှကို အသံသွင်းထားကြပြီး စွဲချက်တင်ရာမှာ သက်သေအဖြစ် သုံးတယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါဘုရားဟာ ဒီလိုခက်ခဲတဲ့အချိန်မှာ ကိုရွန်တွန်မိသားစု၊ ဘုရားကို သစ္စာရှိသူတွေနဲ့ အတူရှိနေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။—ရောမ ၁၅:၅

a ညီအစ်ကို ယေ့ဗ်ဂျနီ ကိုရွန်တွန်ဟာ အချုပ်ခံနေရတဲ့အတွက် သူ့ဆီက မှတ်ချက် မရနိုင်သေးပါဘူး။