မာတိကာဆီ ကျော်သွား

ဘယ်မှညာ– ညီအစ်မ မာဂရီတာ မွိုင်စီယန်ကိုနဲ့ ခင်ပွန်း ကွန်စတန်တင်။ ညီအစ်မ ဂါလီနာ ယက်ဆစ်။ ညီအစ်မ ယယ်လီနာ ယက်ဆေ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်
ရုရှား

နောက်ဆုံးအချက်အလက်— ညီအစ်မတွေ အပြစ်ရှိကြောင်း စီရင်ခံရ | ဆုတောင်းခြင်းကြောင့် ညီအစ်မသုံးယောက် ခွန်အားရှိ

နောက်ဆုံးအချက်အလက်— ညီအစ်မတွေ အပြစ်ရှိကြောင်း စီရင်ခံရ | ဆုတောင်းခြင်းကြောင့် ညီအစ်မသုံးယောက် ခွန်အားရှိ

အာမူရ်ဒေသ၊ ဇီရာ ခရိုင်တရားရုံးက ညီအစ်မ မာဂရီတာ မွိုင်စီယန်ကို၊ ညီအစ်မ ဂါလီနာ ယက်ဆစ်၊ ညီအစ်မ ယယ်လီနာ ယက်ဆေတို့ကို အပြစ်ရှိကြောင်း စီရင်ချက် ချပြီး ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ်၊ နှစ်နှစ်နဲ့ နှစ်နှစ်ခွဲစီ အသီးသီး ချမှတ်ခဲ့တယ်။ လောလောဆယ် သူတို့ ထောင်ထဲသွားဖို့ မလိုပါ။

ကိုယ်ရေးအကျဉ်း

ယေဟောဝါက ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ကြားတယ်၊ ဘယ်အခက်အခဲကိုမဆို ကျော်လွှားနိုင်စေတဲ့ အရည်အသွေးတွေ မွေးမြူနိုင်အောင် ဘုရားကူညီပေးနိုင်တယ်ဆိုတာ ဒီညီအစ်မတွေရဲ့ အတွေ့အကြုံက ယုံကြည်စိတ်ချစေပါတယ်။—၁ ယောဟန် ၅:၁၄

အချိန်ပြဇယား

  1. မတ် ၂၁၊ ၂၀၁၉

    မွိုင်စီယန်ကိုရဲ့အိမ်ကို ဝင်ရောက်ရှာဖွေ

  2. အောက်တိုဘာ ၁၃၊ ၂၀၂၀

    ယယ်လီနာနဲ့ ဂါလီနာရဲ့အိမ်ကို ဝင်ရောက်ရှာဖွေ

  3. နိုဝင်ဘာ ၂၂၊ ၂၀၂၁

    ပြစ်မှုနဲ့ တရားစွဲ

  4. ဖေဖော်ဝါရီ ၁၅၊ ၂၀၂၂

    ခရီးသွားလာခွင့် ကန့်သတ်

  5. ဧပြီ ၂၄၊ ၂၀၂၃

    ပြစ်မှု စတင်ကြားနာစစ်ဆေး

a b ညီအစ်မ ဂါလီနာ ယက်ဆစ်နဲ့ ညီအစ်မ ယယ်လီနာ ယက်ဆေဟာ အမျိုးမတော်ပါ။