မာတိကာဆီ ကျော်သွား

ရုရှား

နောက်ဆုံးအချက်အလက် | ညီအစ်မ စဗယ်လာနာ မိုနစ်ရဲ့ အယူခံ ပယ်ချခံရ

နောက်ဆုံးအချက်အလက် | ညီအစ်မ စဗယ်လာနာ မိုနစ်ရဲ့ အယူခံ ပယ်ချခံရ

၂၀၂၂၊ မတ် ၉ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ညီအစ်မ စဗယ်လာနာ မိုနစ်ကို အပြစ်ရှိကြောင်း စီရင်လိုက်ပါတယ်။ အမှုကို ပြန်လည် ကြားနာစစ်ဆေးဖို့ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘိုင်ရိုဘစ်ဗန်စကီခရိုင် တရားရုံးဆီ ပြန်လွှဲပေးလိုက်ပါတယ်။

၂၀၂၁၊ မေ ၁၂ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရိုင်တရားရုံးက ညီအစ်မ စဗယ်လာနာရဲ့ အယူခံကို ပယ်ချလိုက်တယ်။ မူလ ချမှတ်ထားတဲ့ ပြစ်ဒဏ် ရူဘယ် ၁၀,၀၀၀ (အမေရိကန် ဒေါ်လာ ၁၃၅) ပေးဆောင်စေမယ့်အစား ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်ဖို့ အစိုးရ ရှေ့နေ တောင်းဆိုထားတာကို အနိုင်ပေးလိုက်တယ်။ ဒီတစ်ကြိမ်မှာ ညီအစ်မ ထောင်ထဲ ဝင်စရာ မလိုပါဘူး။