၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်
ရုရှား
နောက်ဆုံးအချက်အလက် | တက်တက်ကြွကြွ ရှိနေလို့ ညီအစ်ကို အန်ဒရေ ဗလာစော့ဗ် အကောင်းမြင်စိတ် ဆက်ရှိနေ
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်မှာ ကင်မရိုဗိုဒေသတရားရုံးက ညီအစ်ကို အန်ဒရေ ဗလာစော့ဗ်ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ သူ ဆက်ထောင်ကျနေပါတယ်။
၂၀၂၂ ခုနှစ်၊ မေ ၂၃ ရက်မှာ ပရာကော့ပယာ့စ်ခ်မြို့ ဗဟိုခရိုင်တရားရုံးက အန်ဒရေကို အပြစ်ရှိတယ်လို့ စီရင်ပြီး ထောင်ဒဏ် ခုနစ်နှစ် ချမှတ်လိုက်ပါတယ်။ ပြစ်ဒဏ် ချက်ချင်း စတင်ပါမယ်။
အချိန်ပြဇယား
ဇူလိုင် ၂၊ ၂၀၂၀
အန်ဒရေကို “အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေ စီစဉ်သူ” အဖြစ် ရာဇဝတ်မှုနဲ့ တရားစွဲဆိုတယ်။
ဇူလိုင် ၁၂၊ ၂၀၂၀
FSB အရာရှိတွေက အန်ဒရေရဲ့ နေအိမ်နဲ့ အလုပ်ခွင်ကို ဝင်ရောက်ရှာဖွေကြတယ်။ သူ့ရဲ့ ဖုန်း/တက်ဘလက်တွေနဲ့ ကျမ်းစာကို သိမ်းသွားတယ်။ သူ့ကို အချုပ်ခန်းမှာ ထည့်ထားကြတယ်။ ဇနီး နာတာလီရာကိုလည်း စစ်ဆေးမေးမြန်းကြတယ်။
ဇူလိုင် ၁၄၊ ၂၀၂၀
အချုပ်ခန်းကနေ လွှတ်လိုက်ပြီး နေအိမ်အကျယ်ချုပ် ချထားတယ်။
ဇွန် ၉၊ ၂၀၂၁
အမှု စတင်ကြားနာစစ်ဆေးတယ်။
ကိုယ်ရေးအကျဉ်း
ရုရှားနဲ့ ခရိုင်းမီးယားက ညီအစ်ကို/မတွေနဲ့ အန်ဒရေဟာ ယုံကြည်ခြင်းအတွက် ဝမ်းမြောက်စွာ ရပ်တည်နေကြတယ်။ သူတို့ရဲ့လုပ်ဖော်ဆောင်ဖက်တွေ ဖြစ်ရတာ တကယ့် အခွင့်ထူးပါပဲ။—၂ ကောရိန္သု ၁:၂၄။