မာတိကာဆီ ကျော်သွား

ညီအစ်ကို ဗစ်တာလီ အီလင်နက်

၂၀၂၁ ခုနှစ်၊ မေ ၁၀ ရက်
ရုရှား

နောက်ဆုံးအချက်အလက် | တခြားသူတွေရဲ့ စံနမူနာတွေကြောင့် ညီအစ်ကို ဗစ်တာလီ အီလင်နက် ရဲစွမ်းသတ္တိ ရှိလာ

နောက်ဆုံးအချက်အလက် | တခြားသူတွေရဲ့ စံနမူနာတွေကြောင့် ညီအစ်ကို ဗစ်တာလီ အီလင်နက် ရဲစွမ်းသတ္တိ ရှိလာ

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈ ရက်မှာ ပရီမိုရ်ဒေသ ခရိုင်တရားရုံးက ညီအစ်ကို ဗစ်တာလီ အီလင်နက်ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ အခုလောလောဆယ် ထောင်ထဲ သွားစရာ မလိုပါ။

၂၀၂၂၊ ဧပြီ ၁၅ မှာ ပရီမိုရ်ဒေသ အာဆူရီစကီ ခရိုင်တရားရုံးက ဗစ်တာလီကို ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ် ချလိုက်ပါတယ်။

ကိုယ်ရေးအကျဉ်း

ဗစ်တာလီ အီလင်နက်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၄ (အာဆူရီစကီ၊ ပရီမိုရ်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ ရဲတပ်ဖွဲ့ကျောင်းဆင်း ဖြစ်တယ်။ ပြည်ထဲရေး ဌာနမှာ အမှုထမ်းတယ်။ လူတွေ ဘာကြောင့် သေရသလဲ၊ သေတဲ့အခါ ဘာဖြစ်သွားသလဲဆိုတာ သိချင်နေသူပါ။ ၁၉၉၅ ခုနှစ်လောက်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာပြီး ၁၉၉၉ မှာ နှစ်ခြင်းခံတယ်။ လက်ရှိ အလုပ်အကိုင်က လမ်းသန့်ရှင်းရေး ဖြစ်တယ်။ ၂၀၀၆ မှာ အီရီနာနဲ့ လက်ထပ်တယ်။

အမှုနောက်ကြောင်း

၂၀၁၉၊ ဖေဖော်ဝါရီမှာ စပါ့ဒယ်နီမြို့က ညီအစ်ကို/မတွေ ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရချိန်မှာ ညီအစ်ကို ဗစ်တာလီ အီလင်နက်ရဲ့ အိမ်လည်း ဝင်ရောက်ရှာဖွေခံရတယ်။ ၂၀၁၉၊ စက်တင်ဘာ ၁၈ မှာ ရုရှား အာဏာပိုင်တွေက ဗစ်တာလီကို စုံစမ်းစစ်ဆေးတယ်။ ၂၀၁၉၊ အောက်တိုဘာ ၂၃ မှာ ရဲအရာရှိတွေက သူ့အိမ်ထဲ ထပ်ဝင်ပြီး ဖမ်းခေါ်သွားတယ်။ ဗစ်တာလီ နှစ်ရက် အချုပ်ခံရချိန်မှာ ယေဟောဝါဆီ ဆုတောင်းတယ်။ “ဆုတောင်းလိုက်တော့ ယောက်ယက်ခတ်နေတဲ့ စိတ်တွေ တည်ငြိမ်သွားတယ်” လို့ သူ ပြောတယ်။

ပြန်လွတ်လာတော့ ခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်ခံရတယ်။ မိခင် အော်လဂါ အိုပါအယ်ဗာကို သီးသန့် ရုံးတင်စစ်ဆေးတယ်။

ဗစ်တာလီက ကိုယ်တွေ့ကနေ အများကြီး သိလာရတယ်။ “ကျွန်တော်တို့ မခံနိုင်တဲ့ စုံစမ်းမှုကို ယေဟောဝါ ခွင့်မပြုဘူးလို့ သိထားတာ။ အခု ဒါကို ကိုယ်တွေ့ ကြုံနေရတယ်။ ဘဝ ပိုခက်ခဲလေ ယေဟောဝါနဲ့ ပိုရင်းနှီးလေပဲ။ ယေဟောဝါဟာ အိုးထိန်းရှင်ပါ။ စမ်းသပ်မှုတွေ ကြုံဖို့ ခွင့်ပြုတယ်ဆိုကတည်းက ကျွန်တော်နဲ့ပတ်သက်သမျှကို ဘုရား ထိန်းချုပ်ထားတယ်ဆိုတဲ့ သဘောပဲ။ မခံနိုင်တော့ဘူးလို့ ထင်တဲ့ အချိန်ဟာ ‘သာမန်ထက် ထူးကဲတဲ့ တန်ခိုး’ ကို တောင်းရမယ့် အချိန်ပဲ” လို့ ဗစ်တာလီ ပြောတယ်။—၂ ကောရိန္သု ၄:၇

အရှက်အကြောက်ကြီးတဲ့ ဗစ်တာလီက ၁ ပေတရု ၅:၉ ကို တွေးတောဆင်ခြင်ပြီး အားရှိလာတယ်။ ရုရှားမှာ နှိပ်စက်ညှဉ်းပန်းမှုတွေကို သတ္တိရှိရှိ ရင်ဆိုင်ခဲ့ကြတဲ့ ညီအစ်ကို/မတွေကြောင့်လည်း အားရှိတယ်။ “စီရင်ချက် ဘယ်လိုပဲ ချပါစေ ဒီလိုနောက်ဆုံးကာလမှာ အာဏာပိုင်တွေရှေ့ သက်သေခံခွင့် ရလို့ ကျွန်တော် ဂုဏ်ယူတယ်” ဆိုပြီး သူ ပြောတယ်။

ဗစ်တာလီလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါလူမျိုးရဲ့ ယုံကြည်ခြင်း၊ ရဲစွမ်းသတ္တိ စံနမူနာတွေကနေ ခွန်အား ရကြတယ်။ “ကောင်းတဲ့အရာ မှန်သမျှနဲ့ ပြည့်စုံအောင်” လုပ်ဆောင်ပေးနေတဲ့ ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်နေပါတယ်။—ဟီဘရူး ၁၃:၂၀၊ ၂၁