မာတိကာဆီ ကျော်သွား

အဲန်ဒရေ ဇူးခဗ်

၂၀၂၂ ခုနှစ်၊ ဇွန် ၇ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—တရားသေလွှတ်ပေးတဲ့ စီရင်ချက်ကို ပယ်ဖျက် | ယေဟောဝါရဲ့ မေတ္တာနဲ့ ထောက်မမှုကို အခိုင်အမာ ယုံကြည်

နောက်ဆုံးအချက်အလက်—တရားသေလွှတ်ပေးတဲ့ စီရင်ချက်ကို ပယ်ဖျက် | ယေဟောဝါရဲ့ မေတ္တာနဲ့ ထောက်မမှုကို အခိုင်အမာ ယုံကြည်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်မှာ ယူဂရာဒေသ၊ ခန်တီမန်စီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ညီအစ်ကို အဲန်ဒရေ ဇူးခဗ်ကို တရားသေလွှတ်ပေးတဲ့ အောက်ရုံးရဲ့စီရင်ချက်ကို ပယ်ဖျက်လိုက်ပါတယ်။ အမှုကို ပြန်လည်ကြားနာစစ်ဆေးပါမယ်။

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၇ ရက်မှာယူးဂရာ၊ ခန်တီမန်စီ ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေက ယူဂေါ့စကီ ခရိုင်တရားရုံးက ညီအစ်ကို အဲန်ဒရေ ဇူးခဗ်ကို အမှုကနေ တရားသေလွှတ်ပေးလိုက်ပါတယ်။ သူ စွဲချက်အားလုံးကနေ ကွင်းလုံးကျွတ်လွတ်သွားပါပြီ။

အချိန်ပြဇယား

  1. သြဂုတ် ၁၇၊ ၂၀၂၀

    အဲန်ဒရေကို “အစွန်းရောက်” အဖွဲ့ရဲ့ လျှို့ဝှက်စုဆုံမှုတွေ ကျင်းပတယ်ဆိုပြီး ပြစ်မှုနဲ့ တရားစွဲ

  2. သြဂုတ် ၁၉၊ ၂၀၂၀

    အဲန်ဒရေအပါအဝင် ယေဟောဝါသက်သေ ကိုးအိမ်ထောင်ကို ဝင်ရောက်စီးနင်း။ အဲန်ဒရေကို ယာယီအချုပ်ထောင်မှာ ချုပ်ထား

  3. သြဂုတ် ၂၀၊ ၂၀၂၀

    ခံဝန်ချက်နဲ့ ပြန်လွှတ်

  4. ဇန်နဝါရီ ၁၄၊ ၂၀၂၁

    အစွန်းရောက်စာရင်းမှာ ထည့်ပြီး ဘဏ်စာရင်းပိတ်

  5. သြဂုတ် ၄၊ ၂၀၂၁

    “ယေဟောဝါဘုရားဆီ ဆုတောင်းခြင်း၊ ဘာသာရေးအခမ်းအနား ကျင်းပခြင်း၊ ဘာသာရေးစာပေတွေ လေ့လာခြင်း” စတဲ့ စွဲချက်တွေ ထပ်တင်ပြီး အဲန်ဒရေကို အကြိမ်ကြိမ် စစ်ဆေးမေးမြန်း

  6. အောက်တိုဘာ ၁၅၊ ၂၀၂၁

    ပြစ်မှု ပိတ်ပေးဖို့ တောင်းဆိုချက်ကို ပယ်ချ

  7. ဒီဇင်ဘာ ၂၉၊ ၂၀၂၁

    ပြစ်မှု စတင် ကြားနာစစ်ဆေး

ကိုယ်ရေးအကျဉ်း

ယေဟောဝါက အဲန်ဒရေအပါအဝင် ဆန့်ကျင်မှုကို ခံရပ်နေကြတဲ့ ချစ်ရတဲ့ညီအစ်ကို/မ အားလုံးကို ထောက်မကူညီပေးနေပါတယ်။ ဒါဟာ “ကိုယ်တော် ကောင်းမြတ်တယ်ဆိုတဲ့ အထောက်အထား” ပါပဲ။ ဘုရားသခင်ဟာ သူတို့ရဲ့ “ကူညီမစရှင်၊ နှစ်သိမ့်ပေးရှင်” ဆိုတာ ထင်ရှားပါတယ်။—ဆာလံ ၈၆:၁၇