မာတိကာဆီ ကျော်သွား

အပေါ် (ဘယ်မှညာ)။ ညီအစ်ကို ဗလာဒီမာ ယာမိုလေယက်နဲ့ ဇနီး ဗလာရီယာ။ ညီအစ်ကို ဆာဂေး ကီရယ်ရွတ်နဲ့ ဇနီး အော်လဂါ

အောက် (ဘယ်မှညာ)။ ညီအစ်ကို အီဂေါ် မန်မလီမို့နဲ့ ဇနီး နတာလယာ။ ညီအစ်ကို အလက်စန်ဒါ ပူတင်ဆေ့နဲ့ ဇနီး ဂါလီနာ

ဒီဇင်ဘာ ၂၀၊ ၂၀၂၁
ရုရှား

နောက်ဆုံးအချက်အလက် | ထရန်စ်ဘိုင်ကယ်ဒေသမှာ အိမ်တွေ ဝင်ရောက်စီးနင်းခံရပြီးနောက် ညီအစ်ကို လေးယောက် တရားရုံးစီရင်ချက်ကို စောင့်နေကြ

နောက်ဆုံးအချက်အလက် | ထရန်စ်ဘိုင်ကယ်ဒေသမှာ အိမ်တွေ ဝင်ရောက်စီးနင်းခံရပြီးနောက် ညီအစ်ကို လေးယောက် တရားရုံးစီရင်ချက်ကို စောင့်နေကြ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀ မှာ ထရန်းစ် ဗေအိုင်ခါလ် ဒေသ တရားရုံးက ညီအစ်ကို ဗလာဒီမာ ယာမိုလေယက်၊ ဆာဂေး ကီရယ်ရွတ်၊ အီဂေါ် မန်မလီမို့၊ အလက်စန်ဒါ ပူတင်ဆေ့တို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ ဗလာဒီမာ၊ အီဂေါ် နဲ့ အလက်စန်ဒါတို့ ဆက်လက်ထောင်ကျနေပါတယ်။ ဆာဂေးကတော့ လောလောဆယ် ထောင်ထဲသွားစရာ မလိုပါ။

၂၀၂၂ ခုနှစ်၊ ဇွန် ၆ ရက်မှာ ချီတာမြို့၊ ဗဟိုခရိုင်တရားရုံးက ဗလာဒီမာ၊ ဆာဂေး၊ အီဂေါ် နဲ့ အလက်စန်ဒါတို့ကို အပြစ်ရှိကြောင်း စီရင်ချက် ချမှတ်တယ်။ ဆာဂေးကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်တယ်။ ဗလာဒီမာ၊ အီဂေါ်၊ အလက်စန်ဒါတို့ကို ထောင်ဒဏ် ခြောက်နှစ်ခွဲ ချမှတ်လိုက်တယ်။ သူတို့ရဲ့ထောင်ဒဏ် ချက်ချင်း စတင်ပါမယ်။

အချိန်ပြဇယား

  1. မတ် ၁၆၊ ၂၀၂၁

    အမှု စတင်ကြားနာစစ်ဆေးတယ်။

  2. ဖေဖော်ဝါရီ ၂၊ ၂၀၂၁

    ဗလာဒီမာ၊ ဆာဂေး၊ အီဂေါ်၊ အလက်စန်ဒါတို့ကို ပိတ်ပင်ထားတဲ့ အဖွဲ့အစည်းကို စီစဉ်ဖွဲ့စည်းမှုနဲ့ တရားစွဲတယ်။

  3. ဧပြီ ၃၊ ၂၀၂၀

    ဗလာဒီမာ နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတယ်။

  4. ဖေဖော်ဝါရီ ၁၅၊ ၂၀၂၀

    ငါးရက် အချုပ်ခံရပြီးတဲ့နောက် ဆာဂေး လွတ်လာတယ်။

  5. ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀

    အီဂေါ်နဲ့ အလက်စန်ဒါတို့ကို ဖမ်းချုပ်ထားရာကနေ လွှတ်ပေးလိုက်တယ်။ ဆာဂေးကို ၇၂ နာရီ ဆက်ထိန်းသိမ်းထားတယ်။ ဗလာဒီမာကို နေအိမ်အကျယ်ချုပ် ၅၂ ရက် ချထားတယ်။

  6. ဖေဖော်ဝါရီ ၁၀၊ ၂၀၂၀

    ထရန်စ်ဘိုင်ကယ်ဒေသက ယေဟောဝါသက်သေတွေရဲ့ အိမ်ခြေ ၅၀ ကို FSB အရာရှိတွေ ဝင်ရောက်စီးနင်းကြတယ်။ သက်ကြီးရွယ်အို၊ မသန်မစွမ်း သက်သေခံတွေရဲ့ အိမ်တွေပါမကျန် ရှာဖွေကြတယ်။ ကလေးတစ်ဦးကို မိခင်နဲ့ ညီမရှေ့မှာ ရိုက်နှက်တယ်။ ညီအစ်ကိုတစ်ဦး နှိပ်စက်ခံရတယ်။ ဝင်ရောက်စီးနင်းပြီးနောက် အရာရှိတွေက အီဂေါ်၊ အလက်စန်ဒါ၊ ဗလာဒီမာ၊ ဆာဂေးတို့ အပါအဝင် ညီအစ်ကို ဆယ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်။

ကိုယ်ရေးအကျဉ်း

ညီအစ်ကိုတွေဟာ ဒံယေလနဲ့ သူငယ်ချင်း သုံးယောက်တို့လိုပဲ အာဏာပိုင်တွေရဲ့ ဖိအားပေးမှု ခံရပေမဲ့ ယေဟောဝါဘုရားကို သစ္စာစောင့်သိဖို့ “စိတ်ပိုင်းဖြတ်ထား” ကြတယ်။ သူတို့ရဲ့ ခိုင်ခံ့တဲ့ ယုံကြည်ခြင်းကို အတုယူကြပါစို့။—ဒံယေလ ၁:၈