မာတိကာဆီ ကျော်သွား

ဘယ်– ညီအစ်ကို ယူရီ ဘာရာနို့ဗ်နဲ့ ဇနီး နာဒဇ်ဒါ။ ညာ– ညီအစ်ကို နီကိုလိုင် စတက်ပနို့ဗ်နဲ့ ဇနီး အာလာ

၂၀၂၂ ခုနှစ်၊ ဇွန် ၈ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ထောင်ကနေ လွတ်လာ | ယုံကြည်သူချင်းတွေ ကူညီထောက်မပေးကြ

နောက်ဆုံးအချက်အလက်—ထောင်ကနေ လွတ်လာ | ယုံကြည်သူချင်းတွေ ကူညီထောက်မပေးကြ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်မှာ ဗိုလော့ဒါဒေသ တရားရုံးက ညီအစ်ကို ယူရီ ဘာရာနို့ဗ်နဲ့ နီကိုလိုင် စတက်ပနို့ဗ်ရဲ့ အယူခံကို စီရင်ချက် ချလိုက်ပါတယ်။ ယူရီရဲ့ ပြစ်ဒဏ်ကတော့ မပြောင်းလဲပါ။ နီကိုလိုင်ကို ချမှတ်ထားတဲ့ ထောင်ဒဏ်လေးနှစ်ကို ဆိုင်းငံ့ထောင်ဒဏ် လေးနှစ်အဖြစ် လျှော့ချပေးလိုက်တယ်။ သူ ထောင်ကနေ ချက်ချင်း လွတ်လာတယ်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅ ရက်မှာ ဗိုလော့ဒါမြို့ တရားရုံးက ယူရီနဲ့ နီကိုလိုင်ကို အပြစ်ရှိကြောင်းစီရင်ချက် ချမှတ်ခဲ့တယ်။ ယူရီကို ဆိုင်းငံ့ထောင်ဒဏ် လေးနှစ် ချမှတ်တယ်။ အခုလောလောဆယ်တော့ ထောင်ထဲ သွားစရာ မလိုဘူး။ နီကိုလိုင်ကို ထောင်ဒဏ် လေးနှစ် ချမှတ်တယ်။ ထောင်ဒဏ် ချက်ချင်း စတင်တယ်။

အချိန်ပြဇယား

  1. ဒီဇင်ဘာ ၁၉၊ ၂၀၁၉

    ဗိုလော့ဒါဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ နေအိမ် ခြောက်လုံးကို ရဲတွေ ဝင်စီးတယ်။ ယူရီနဲ့ နီကိုလိုင်ကို ဖမ်းသွားပြီး ယာယီအချုပ်ထောင်မှာ ထားလိုက်တယ်။

  2. ဒီဇင်ဘာ ၂၀၊ ၂၀၁၉

    ယူရီကို လွှတ်လိုက်ပြီး နေအိမ်အကျယ်ချုပ် ချထားတယ်။

  3. ဒီဇင်ဘာ ၂၃၊ ၂၀၁၉

    နီကိုလိုင်ကို အချုပ်ထောင် ပို့လိုက်တယ်။

  4. မတ် ၁၆၊ ၂၀၂၀

    ယူရီကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်ပေမဲ့ ကန့်သတ်ချက်တချို့ ချမှတ်တယ်။ သူ့အမှုမှာ ပါဝင်တဲ့ တခြားသူတွေနဲ့ စကားပြောတာ၊ တယ်လီဖုန်း၊ အင်တာနက်သုံးတာတွေကို ကန့်သတ်တယ်။

  5. မေ ၁၉၊ ၂၀၂၀

    ယူရီအပေါ် ကန့်သတ်ထားတာတွေကို ဖယ်ရှားလိုက်တယ်။

  6. ဩဂုတ် ၁၃၊ ၂၀၂၀

    နီကိုလိုင်ကို အချုပ်ထောင်ကနေ လွှတ်ပေးပြီး အိမ်အကျယ်ချုပ် ချတယ်။

  7. စက်တင်ဘာ ၂၅၊ ၂၀၂၀

    နီကိုလိုင်ကို အိမ်အကျယ်ချုပ်ကနေ လွှတ်ပေးတယ်။

  8. မတ် ၇၊ ၂၀၂၂

    ပြစ်မှု စတင် ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ညှဉ်းပန်းနှိပ်စက် ခံနေရပေမဲ့ ဆက်သစ္စာတည်ကြည်နေကြတဲ့ ညီအစ်ကိုတွေရဲ့ ပုံသက်သေက ကျွန်တော်တို့ကို ယုံကြည်ခြင်း ခိုင်ခံ့စေပါတယ်။—၁ သက်သာလောနိတ် ၃:၇