မာတိကာဆီ ကျော်သွား

အပေါ် ဘယ်မှညာ။ ညီအစ်ကို နီကိုလီ မာတီနို့ဗ်၊ ဆာဂေး ကက်တီယေ့ဗ်၊ ယရာဆလာ့ဗ် ကာလင်း၊ မီခေးလ် မွတ်ရှ်

အောက် ဘယ်မှညာ။ ညီအစ်ကို အီဂေါ ပိုပို့ဗ်၊ ဒဲန်းနစ် ဆရာရှကို့ဗ်၊ အလက်ဆီ ဆိုညစ်နီ၊ အန်ဒရေ တိုမာရှက်ဗ်၊ ဆာဂေး ဗက်ဆီယေ့ဗ်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက် | ပြင်ဆင်သည့်နေ့–၂၀၂၄ ခုနှစ်၊ မတ် ၆ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | ညီအစ်ကိုတွေ နေအိမ်အကျယ်ချုပ်ကျ၊ အချုပ်ကျနေပေမဲ့ အကောင်းမြင်စိတ် ဆက်ရှိနေ

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | ညီအစ်ကိုတွေ နေအိမ်အကျယ်ချုပ်ကျ၊ အချုပ်ကျနေပေမဲ့ အကောင်းမြင်စိတ် ဆက်ရှိနေ

၂၀၂၄ ခုနှစ်၊ မတ် ၅ ရက်မှာ အီရကွတ်မြို့၊ အက်ယာဘာစကီခရိုင်တရားရုံးက ညီအစ်ကို နီကိုလီ မာတီနို့ဗ်၊ ဆာဂေး ကက်တီယေ့ဗ်၊ ယရာဆလာ့ဗ် ကာလင်း၊ မီခေးလ် မွတ်ရှ်၊ အီဂေါ ပိုပို့ဗ်၊ ဒဲန်းနစ် ဆရာရှကို့ဗ်၊ အလက်ဆီ ဆိုညစ်နီ၊ အန်ဒရေ တိုမာရှက်ဗ်၊ ဆာဂေး ဗက်ဆီယေ့ဗ်တို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်တယ်။ နီကိုလီ၊ ဆာဂေး ကက်တီယေ့ဗ်၊ ယရာဆလာ့ဗ်၊ မီခေးလ်၊ အလက်ဆီနဲ့ အန်ဒရေကို ထောင်ဒဏ် ခုနစ်နှစ်စီ၊ အီဂေါနဲ့ ဒဲန်းနစ်ကို ထောင်ဒဏ် ခြောက်နှစ်နဲ့ လေးလစီ ချမှတ်လိုက်တယ်။ ဆာဂေး ဗက်ဆီယေ့ဗ်ကို ထောင်ဒဏ် သုံးနှစ် ချမှတ်ပြီး တရားရုံးကနေ ချက်ချင်း ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ကျန်တဲ့ ညီအစ်ကိုတွေက အချုပ်ထောင်မှာ ရှိနှင့်ပြီးသားဖြစ်ပြီး ထောင်ထဲဆက်နေရပါမယ်။

ကိုယ်ရေးအကျဉ်း

ချစ်ရတဲ့ ညီအစ်ကိုတွေဟာ မိသားစုနဲ့ ခဏတာခွဲခွာနေရပေမဲ့ သစ္စာရှိရှိ ခံရပ်နေသရွေ့ သူတို့ကို ဘုရားရဲ့မေတ္တာတော်ကနေ ဘာကမှ မခွဲခွာနိုင်ဘူးဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ရောမ ၈:၃၅-၃၉

အချိန်ပြဇယား

  1. အောက်တိုဘာ ၄၊ ၂၀၂၁

    အီရကွတ်ဒေသက ယေဟောဝါသက်သေတွေရဲ့အိမ်ကို ဝင်ရောက်ရှာဖွေတယ်။ နီကိုလီ၊ ဆာဂေး ကက်တီယေ့ဗ်၊ ယရာဆလာ့ဗ်၊ မီခေးလ်၊ အလက်ဆီ၊ အန်ဒရေနဲ့ ဆာဂေး ဗက်ဆီယေ့ဗ်တို့အပေါ် ပြစ်မှုဖွင့်တယ်။ ညီအစ်ကိုခုနစ်ယောက်စလုံးကို ချုပ်ထားတယ်။

  2. အောက်တိုဘာ ၅၊ ၂၀၂၁

    ယရာဆလာ့ဗ်၊ မီခေးလ်နဲ့ အလက်ဆီကို အချုပ်ထောင်ပို့လိုက်တယ်။

  3. အောက်တိုဘာ ၆၊ ၂၀၂၁

    ဆာဂေး ကက်တီယေ့ဗ်၊ နီကိုလီနဲ့ အန်ဒရေကို အချုပ်ထောင်ပို့တယ်။ ဆာဂေး ကက်တီယေ့ဗ်ကို အချုပ်ထောင်ကနေ လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ချတယ်။

  4. နိုဝင်ဘာ ၃၀၊ ၂၀၂၁

    တခြားအိမ်တွေကို ထပ်ရှာတယ်။ အီဂေါနဲ့ ဒဲန်းနစ်ကို ဖမ်းဆီးပြီး ၉၃၂ မိုင်ဝေးတဲ့ အီရကွတ်ဒေသကို ခေါ်သွားတယ်။

  5. ဒီဇင်ဘာ ၁၊ ၂၀၂၁

    အီဂေါကို အချုပ်ထောင်ပို့လိုက်တယ်။

  6. ဒီဇင်ဘာ ၂၊ ၂၀၂၁

    ဒဲန်းနစ်ကို အချုပ်ထောင်ပို့လိုက်တယ်။

  7. ဒီဇင်ဘာ ၂၉၊ ၂၀၂၂

    ပြစ်မှုစတင်ကြားနာစစ်ဆေးတယ်။

a b c d e f ညီအစ်ကို နီကိုလီ၊ ယရာဆလာ့ဗ်၊ မီခေးလ်၊ အီဂေါ၊ ဒဲန်းနစ်နဲ့ အလက်ဆီတို့ အချုပ်ထောင်မှာရှိနေလို့ သူတို့ကို တွေ့ဆုံမေးမြန်းလို့ မရပါ။