မာတိကာဆီ ကျော်သွား

ညီအစ်ကို ပါဗယ် ကာဇာဒယေ့ဗ်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၁ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | နှိပ်စက်ညှဉ်းပန်းခံရပေမဲ့ ဘုရားအမှုတော်မှာ ဆက်အလုပ်များနေဖို့ စိတ်ပိုင်းဖြတ်ထား

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | နှိပ်စက်ညှဉ်းပန်းခံရပေမဲ့ ဘုရားအမှုတော်မှာ ဆက်အလုပ်များနေဖို့ စိတ်ပိုင်းဖြတ်ထား

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၈ ရက်မှာ အယ်လတိုင်ဒေသ တရားရုံးက ညီအစ်ကို ပါဗယ် ကာဇာဒယေ့ဗ်ကို ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ်ချမှတ်ထားရာကနေ ထောင်ဒဏ် သုံးနှစ်အဖြစ် ပြောင်းလဲချမှတ်လိုက်တယ်။ သူ့ကို တရားခွင်ကနေ ထောင်ကို တန်းခေါ်သွားကြတယ်။

၂၀၂၃ ခုနှစ်၊ မေ ၂၉ ရက်မှာအယ်လတိုင်ဒေသ၊ ဘာနာဝူမြို့ ခရိုင်တရားရုံးက ညီအစ်ကို ပါဗယ် ကာဇာဒယေ့ဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့တယ်။ လောလောဆယ် ထောင်ထဲဝင်စရာ မလိုပါ။

ကိုယ်ရေးအကျဉ်း

အခက်အခဲတွေကြားမှာ ညီအစ်ကို၊ ညီအစ်မတွေ ယေဟောဝါဘုရားကို ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ အမှုဆောင်နေတာကို မြင်ရတာ အားရှိစရာပါပဲ။—မဿဲ ၅:၁၁

အချိန်ပြဇယား

  1. မေ ၁၁၊ ၂၀၂၁

    ပြစ်မှုနဲ့ တရားစွဲတယ်။

  2. မေ ၂၇၊ ၂၀၂၁

    “အာမဂေဒုန်” လို့ခေါ်တဲ့ ရဲစစ်ဆင်ရေးမှာ လုံခြုံရေးတပ်သားတွေက နိုဗိုခွတ်ဇနက်မှာရှိတဲ့ ညီအစ်ကိုပါဗယ်ရဲ့ တိုက်ခန်းနဲ့ တခြားဒေသက ဆွေမျိုးတွေရဲ့အိမ်ကို ဝင်ရောက်ရှာဖွေတယ်။ ပါဗယ်တို့ဇနီးမောင်နှံကို စုံစမ်းစစ်ဆေးဖို့ အိမ်ကနေ ၂၁၇ မိုင်ဝေးတဲ့ ဘာနာဝူမြို့ကို ခေါ် သွားတယ်။ အစွန်းရောက်အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်မှုနဲ့ တရားစွဲပြီး ယာယီချုပ်ထားတယ်။

  3. မေ ၂၈၊ ၂၀၂၁

    အချုပ်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့် ကန့်သတ်တယ်။

  4. ဩဂုတ် ၁၂၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။