မာတိကာဆီ ကျော်သွား

ဘယ်မှညာ– ညီအစ်ကို ဘောရစ် အန်ဒရေယေ့ဗ်၊ ညီအစ်ကို အနာတိုလီ လီနဲ့ ညီအစ်မ နာတာလီယာ ရှာရာပိုဗာ

၂၀၂၄ ခုနှစ်၊ မေ ၆ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၁ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | “ဘယ်လိုအခြေအနေမျိုးကိုမဆို ခံရပ်နိုင်အောင် ယေဟောဝါ ကူညီပေးနိုင်တယ်”

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | “ဘယ်လိုအခြေအနေမျိုးကိုမဆို ခံရပ်နိုင်အောင် ယေဟောဝါ ကူညီပေးနိုင်တယ်”

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀ ရက်မှာ ပရီမိုရ်ဒေသ၊ ခိုရော်စကီ ခရိုင်တရားရုံးက ညီအစ်ကို ဘောရစ် အန်ဒရေယေ့ဗ်၊ ညီအစ်ကို အနာတိုလီ လီနဲ့ ညီအစ်မ နာတာလီယာ ရှာရာပိုဗာတို့ကို စီရင်ချက် ချလိုက်ပါတယ်။ ဘောရစ်ကို ထောင်ဒဏ် ခြောက်နှစ်၊ အနာတိုလီကို ထောင်ဒဏ် ခြောက်နှစ်နဲ့ ခြောက်လ၊ နာတာလီယာကို ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်။ သုံးယောက်စလုံး အချုပ်ထောင်မှာ ရှိနေကြတာဖြစ်လို့ သူတို့ ထောင်ထဲ ဆက်နေရပါမယ်။

ကိုယ်ရေးအကျဉ်း

အနာတိုလီ၊ ဘောရစ်နဲ့ နာတာလီယာရဲ့အဖြစ်မှာလိုပဲ ယေဟောဝါက ကျွန်တော်တို့ဒုက္ခရောက်ချိန်မှာ ဆုတောင်းချက်တွေကို အဖြေပေးပြီး ဆက်ခံရပ်နိုင်အောင် ခွန်အားပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၂၀:၁

အချိန်ပြဇယား

  1. ဇူလိုင် ၂၈၊ ၂၀၂၂

    ပြစ်မှု စတင်ဖွင့်လှစ်

  2. အောက်တိုဘာ ၆၊ ၂၀၂၂

    ယရော်စလာစကီရွာက အိမ်တစ်ဆယ့်နှစ်လုံးကို ရှာဖွေစစ်ဆေး။ ဘောရစ်နဲ့ နာတာလီယာကို ချုပ်ထား

  3. အောက်တိုဘာ ၇၊ ၂၀၂၂

    ဘောရစ်နဲ့ နာတာလီယာကို အချုပ်ထောင်ပို့

  4. အောက်တိုဘာ ၁၂၊ ၂၀၂၂

    အနာတိုလီကို ချုပ်ထား

  5. အောက်တိုဘာ ၁၃၊ ၂၀၂၂

    အနာတိုလီကို အချုပ်ထောင်ပို့

  6. အောက်တိုဘာ ၅၊ ၂၀၂၃

    ပြစ်မှု စတင်ကြားနာစစ်ဆေး

a b c ဒီဆောင်းပါးကို ပြင်ဆင်နေချိန်မှာ ညီအစ်ကို ဘောရစ်၊ ညီအစ်ကို အနာတိုလီနဲ့ ညီအစ်မ နာတာလီယာတို့ဟာ အချုပ်ထောင်မှာ ရှိနေလို့ သူတို့ရဲ့ ကိုယ်ပိုင်မှတ်ချက်ကို မရနိုင်ပါ။