မာတိကာဆီ ကျော်သွား

ဘယ်မှ ညာ။ ညီအစ်ကို ရိုမန် မာရီယက်ဗ်၊ ညီအစ်ကို အန်နာတိုလီ မာရူနောဗ်၊ ညီအစ်ကို ဆာဂေး တိုလိုကောန်နီကောဗ်နဲ့ ဇနီး မာရီယာ ပဲန်ကိုဗာ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက် | နောက်ဆုံးအချက်အလက်—၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | မော်စကိုတရားရုံးမှာ ညီအစ်ကိုသုံးဦး အမှုရင်ဆိုင်နေ

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | မော်စကိုတရားရုံးမှာ ညီအစ်ကိုသုံးဦး အမှုရင်ဆိုင်နေ

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂ ရက်မှာ မော်စကိုမြို့၊ စာဗီလောဗ်စကီ ခရိုင်တရားရုံးက ညီအစ်ကို ရိုမန် မာရီယက်ဗ်၊ ညီအစ်ကို အန်နာတိုလီ မာရူနောဗ်နဲ့ ညီအစ်ကို ဆာဂေး တိုလိုကောန်နီကောဗ်တို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချတယ်။ သူတို့ကို ထောင်ဒဏ် လေးနှစ်ခွဲ၊ ထောင်ဒဏ် ခြောက်နှစ်ခွဲနဲ့ ထောင်ဒဏ် ငါးနှစ် အသီးသီး ချမှတ်လိုက်တယ်။ အန်နာတိုလီကို တရားခွင်ကနေ ချက်ချင်း ဖမ်းခေါ်သွားကြတယ်။ ရိုမန်နဲ့ ဆာဂေးကတော့ ထောင်ထဲမှာ ရှိနှင့်ပြီးသားဖြစ်တယ်။

ကိုယ်ရေးအကျဉ်း

ရိုမန်၊ အန်နာတိုလီနဲ့ ဆာဂေးတို့လို သစ္စာရှိညီအစ်ကိုတွေရဲ့ ပုံသက်သေကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ ဘယ်လိုအခက်အခဲပဲ ကြုံရကြုံရ ကျွန်တော်တို့နဲ့အတူ ယေဟောဝါရှိနေမယ်ဆိုတာ သိထားလို့ ‘ဘာအန္တရာယ်မှ ကြောက်စရာမလိုဘူး’ ဆိုတာ ယုံကြည်ပါတယ်။—ဆာလံ ၂၃:၄

အချိန်ပြဇယား

  1. အောက်တိုဘာ ၂၀၊ ၂၀၂၁

    မော်စကိုမြို့က ယေဟောဝါသက်သေ ရှစ်အိမ်ထောင်ကို အရာရှိတွေ ဝင်ရောက်ရှာဖွေကြတယ်။ ရိုမန်၊ အန်နာတိုလီနဲ့ ဆာဂေးကို အစွန်းရောက်အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေ စီစဉ်ဖွဲ့စည်းမှု၊ တခြားသူတွေကို အဲဒီလုပ်ဆောင်မှုတွေမှာ ပါဝင်လာအောင် သွေးဆောင်မှုနဲ့ ပြစ်မှုဖွင့်တယ်။ ညီအစ်ကိုသုံးယောက်စလုံးကို ယာယီချုပ်ထားတယ်။

  2. အောက်တိုဘာ ၂၂၊ ၂၀၂၁

    ရိုမန်နဲ့ ဆာဂေးကို အချုပ်ထောင်ဆီ ပို့လိုက်တယ်။ အန်နာတိုလီကို နေအိမ်အကျယ်ချုပ်ချတယ်။

  3. ဇွန် ၁၇၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

a ဒီဆောင်းပါးကို ပြင်ဆင်နေချိန်မှာ ဆာဂေး တိုလိုကောန်နီကောဗ်ဟာ အကျဉ်းထောင်မှာရှိနေလို့ သူ့ကိုယ်ပိုင်မှတ်ချက် မရယူနိုင်ပါ။ ဆာဂေးရဲ့ဇနီးက အိမ်ထောင်ကျပြီးနောက် မျိုးရိုးနာမည် မပြောင်းဘူး။