မာတိကာဆီ ကျော်သွား

ဘယ်မှ ညာ။ ညီအစ်ကို အာရမ် ဒန်နီရီယန်၊ ဒင်းနစ် ကူဇန်းညင်၊ ဆာဂေး ပိုလိုရှန်ကာနဲ့ နီကိုလီ ဗက်စီလီယက်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄ | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | “ယေဟောဝါကို ယုံကြည်ကိုးစားတာ အရေးကြီးဆုံးပဲ”

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | “ယေဟောဝါကို ယုံကြည်ကိုးစားတာ အရေးကြီးဆုံးပဲ”

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်မှာ စမာရာမြို့၊ စမာစကီ ခရိုင်တရားရုံး က ညီအစ်ကို အာရမ် ဒန်နီရီယန်၊ ဒင်းနစ် ကူဇန်းညင်၊ ဆာဂေး ပိုလိုရှန်ကာနဲ့ နီကိုလီ ဗက်စီလီယက်တို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်တယ်။ သူတို့အားလုံးကို ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်လိုက်တယ်။ သူတို့ကို တရားရုံးကနေ ချက်ချင်း ခေါ်သွားတယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါက ယုံကြည်ခြင်းအတွက် ဆင်းရဲဒုက္ခရောက်နေသူအားလုံးကို နှစ်သိမ့်ပေးမယ်၊ ‘ကောင်းမွန်ရာကို အမြဲပြောဆို လုပ်ဆောင်’ နိုင်အောင် သူတို့ကို ကူညီပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—၂ သက်သာလောနိတ် ၂:၁၆၊ ၁၇

အချိန်ပြဇယား

  1. ဒီဇင်ဘာ ၁၄၊ ၂၀၂၁

    ဒင်းနစ်၊ နီကိုလီနဲ့ ဆာဂေးကို ပြစ်မှုနဲ့တရားစွဲ

  2. ဒီဇင်ဘာ ၁၅၊ ၂၀၂၁

    ဒင်းနစ်၊ နီကိုလီနဲ့ ဆာဂေးတို့အိမ်ကို ဝင်ရောက်ရှာဖွေ။ သူတို့ကို ထိန်းသိမ်းပြီး ယာယီအချုပ်ထောင်ပို့

  3. ဒီဇင်ဘာ ၁၆၊ ၂၀၂၁

    ဒင်းနစ်၊ နီကိုလီနဲ့ ဆာဂေးကို အချုပ်ထောင်ပို့

  4. ဇန်နဝါရီ ၆၊ ၂၀၂၂

    အာရမ်ကို ပြစ်မှုနဲ့တရားစွဲပြီး လေဆိပ်မှာ ဖမ်းဆီး

  5. ဇန်နဝါရီ ၇၊ ၂၀၂၂

    အာရမ်ကို အချုပ်ထောင်ပို့

  6. ဒီဇင်ဘာ ၁၂-၁၄၊ ၂၀၂၂

    ညီအစ်ကို လေးယောက်စလုံး အချုပ်ထောင်ကနေ လွတ်လာပြီး ခရီးသွားတာ ကန့်သတ်ခံရ

  7. ဇွန် ၁၆၊ ၂၀၂၃

    ပြစ်မှု စတင်ကြားနာစစ်ဆေး