မာတိကာဆီ ကျော်သွား

ညီအစ်ကိုအန်ဗာ စီယူကို့

၂၀၂၂ ခုနှစ်၊ မေ ၁၈ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ မတ် ၁၂ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | အန်ဗာ စီယူကို့ အစွမ်းခွန်အားပြည့်ဝ

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | အန်ဗာ စီယူကို့ အစွမ်းခွန်အားပြည့်ဝ

၂၀၂၄ ခုနှစ်၊ မတ် ၇ ရက်မှာ အက်ဒဂေးရာဒေသ၊ မိုင်ကော့စကီမြို့တရားရုံးက ညီအစ်ကို အန်ဗာ စီယူကို့ကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့တယ်။ ၂၀၂၁ ခုနှစ်၊ ဧပြီလကတည်းက အချုပ်ထောင်မှာ ရှိနေခဲ့ပြီး အဲဒီမှာ ဆက်လက်နေရပါမယ်။

အချိန်ပြဇယား

  1. ဧပြီ ၁၅၊ ၂၀၂၁

    ဗီဒီယိုကွန်းဖရင့်နဲ့ အစည်းအဝေးကျင်းပတယ်ဆိုတဲ့ ပြစ်ချက်နဲ့ စွဲချက်တင်တယ်။

  2. ဧပြီ ၁၆၊ ၂၀၂၁

    အရာရှိတွေက ယေဟောဝါသက်သေ လေးအိမ်ထောင်နဲ့ အန်ဗာရဲ့အိမ်ကို ရှာဖွေစစ်ဆေးတယ်။ အန်ဗာကို စစ်ဆေးမေးမြန်းပြီး ချုပ်ထားတယ်။

  3. ဧပြီ ၁၇၊ ၂၀၂၁

    အချုပ်ထောင် ပို့လိုက်တယ်။

  4. ဩဂုတ် ၁၅၊ ၂၀၂၁

    မီကူမြို့နဲ့ ၆၈ မိုင်အကွာက လုံခြုံရေးအမြင့်ဆုံး ထောင်ဆီ လွှဲလိုက်တယ်။

  5. စက်တင်ဘာ ၁၃၊ ၂၀၂၁

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ရုရှားက ချစ်ရတဲ့ ညီအစ်ကို/မတွေဟာ “ဘုရားသခင်ဆီက တန်ခိုးကိုခံယူပြီး အစွမ်းခွန်အား တိုးပွားနေ” မယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဧဖက် ၆:၁၀

a ညီအစ်ကို အန်ဗာက လောလောဆယ် အချုပ်ထောင်ထဲမှာရှိနေလို့ သူ့ကိုယ်ပိုင်မှတ်ချက် မရနိုင်ပါ။