မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်ဇန်ဒါ ဒယ်ဂါနာ့ဗ်

၂၀၂၄ ခုနှစ်၊ ဧပြီ ၄ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ ဧပြီ ၉ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | ‘အရေးကြီးဆုံးက ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိဖို့ပဲ’

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | ‘အရေးကြီးဆုံးက ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိဖို့ပဲ’

၂၀၂၄ ခုနှစ်၊ ဧပြီ ၈ ရက်မှာ ဆမာရာဒေသ၊ တတ်လီယတ်တီမြို့၊ အာဗတိုဇက်ဗိုစကီ ခရိုင်တရားရုံးက ညီအစ်ကို အလက်ဇန်ဒါ ဒယ်ဂါနာ့ဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်တယ်။ တရားခွင်မှာပဲ သူ့ကို ဖမ်းဆီးလိုက်တယ်။

ကိုယ်ရေးအကျဉ်း

“ဆိုးယုတ်တဲ့အချိန်မှာ အသက်ရှင်နေရတဲ့အတွက်” အချိန်ကို အကျိုးရှိရှိ အသုံးချဖို့ အရေးကြီးတယ်ဆိုတာ အလက်ဇန်ဒါလိုပဲ ကျွန်တော်တို့ ယူမှတ်ကြတယ်။—ဧဖက် ၅:၁၅၊ ၁၆

အချိန်ပြဇယား

  1. မေ ၁၆၊ ၂၀၂၃

    အိမ်ကို ဝင်ရောက်ရှာဖွေပြီး အလက်ဇန်ဒါကို ချုပ်ထား

  2. မေ ၁၇၊ ၂၀၂၃

    အချုပ်ကနေ လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ချ။ ဖုန်းနဲ့ အင်တာနက် သုံးခွင့်မပေး

  3. ဩဂုတ် ၁၀၊ ၂၀၂၃

    နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့် ကန့်သတ်

  4. နိုဝင်ဘာ ၁၃၊ ၂၀၂၃

    ပြစ်မှု စတင်ကြားနာစစ်ဆေး