မာတိကာဆီ ကျော်သွား

ဝဲဘက်မှ ယာဘက်။ ညီအစ်ကို ဗလာဒီမာ မဲလ်နစ်၊ ဗလာဒီမာ ပစ်ကရက်နဲ့ အာသာ ပူတင်ဆေ့

၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ထောင်ဒဏ်ချမှတ်ခံရ | နှိပ်စက်ညှဉ်းပန်းခြင်းကို ယေဟောဝါရဲ့ထောက်မမှုနဲ့ မိသားစုတွေ ခံရပ်ကြ

နောက်ဆုံးအချက်အလက်—ထောင်ဒဏ်ချမှတ်ခံရ | နှိပ်စက်ညှဉ်းပန်းခြင်းကို ယေဟောဝါရဲ့ထောက်မမှုနဲ့ မိသားစုတွေ ခံရပ်ကြ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်မှာ အိုရွိုလ်မြို့၊ ဆိုဗီယက်စကီ ခရိုင်တရားရုံးက ညီအစ်ကို ဗလာဒီမာ မဲလ်နစ်၊ ညီအစ်ကို ဗလာဒီမာ ပစ်ကရက်၊ ညီအစ်ကို အာသာ ပူတင်ဆေ့တို့ကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် ခြောက်နှစ်စီ ချမှတ်ခံရတယ်။ ညီအစ်ကို သုံးယောက်စလုံးဟာ ၂၀၂၀၊ ဒီဇင်ဘာလကတည်းက အချုပ်ကျနေကြတာ။ အခု သူတို့ ထောင်ထဲမှာ ဆက်နေရပါတယ်။

အချိန်ပြဇယား

  1. ဒီဇင်ဘာ ၈၊ ၂၀၂၀

    ညီအစ်ကို မဲလ်နစ်၊ ပစ်ကရက်နဲ့ ပူတင်ဆေ့ကို ပြစ်မှုနဲ့ အမှုဖွင့်အရေးယူတယ်။

  2. ဒီဇင်ဘာ ၉၊ ၂၀၂၀

    ရဲတွေက အိုရွိုလ်မြို့က အဲဒီညီအစ်ကို သုံးယောက်အပါအဝင် ယေဟောဝါသက်သေမိသားစု ရှစ်အိမ်ထောင်ကို ရှာဖွေခဲ့ကြတယ်။ ညီအစ်ကိုသုံးယောက်ကို ယာယီအချုပ်ထောင်ဆီ ပို့လိုက်တယ်။

  3. ဒီဇင်ဘာ ၁၁၊ ၂၀၂၀

    ညီအစ်ကို မဲလ်နစ်နဲ့ ပစ်ကရက်ကို အချုပ်ထောင်ဆီ ပို့လိုက်တယ်။

  4. ဒီဇင်ဘာ ၁၄၊ ၂၀၂၀

    ညီအစ်ကို ပစ်ကရက်ကို အချုပ်ထောင်ဆီ ပို့လိုက်တယ်။

  5. ဇန်နဝါရီ ၁၉၊ ၂၀၂၁

    ညီအစ်ကို ပစ်ကရက်ကို အရေးပေါ်ဆေးကုသဖို့လိုကြောင်း အာဏာပိုင်တွေကို တင်ပြခဲ့ပေမဲ့ ဆေးကုသခွင့် မရခဲ့ဘူး။

  6. ဇန်နဝါရီ ၂၁၊ ၂၀၂၁

    ညီအစ်ကို ပစ်ကရက်ကို သူ့ဇနီးပေးတဲ့ ဆေးဝါးတွေ လက်ခံခွင့်ပေးတယ်၊ ဒါပေမဲ့ ဆေးကုသခွင့် မပေးဘူး။

  7. ဇွန် ၂၄၊ ၂၀၂၁

    ညီအစ်ကို ပစ်ကရက်ကို ဆေးရုံမှာစမ်းသပ်ပြီးနောက် လေဖြတ်နေကြောင်း အတည်ပြုတယ်။ ဆေးကုသဖို့ လိုအပ်နေတာတောင် အချုပ်ထောင်ကို ပြန်ပို့ခဲ့တယ်။

  8. အောက်တိုဘာ ၂၉၊ ၂၀၂၁

    အစွန်းရောက်အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေကို ဖွဲ့စည်းစီစဉ်တယ်ဆိုပြီး ညီအစ်ကိုတွေကို စွဲချက်တင်တယ်။

  9. ဇန်နဝါရီ ၃၁၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ဒီမိသားစုတွေဟာ ယာယီ ခွဲခွာကြရပေမဲ့ ယေဟောဝါရဲ့ မေတ္တာပါ ကာကွယ်စောင့်ရှောက်မှုကို ဘယ်အရာကမှ မတားဆီးနိုင်မှန်း သိထားရခြင်းက ကျွန်တော်တို့ကို နှစ်သိမ့်မှု ဖြစ်စေတယ်။—ရောမ ၈:၃၈၊ ၃၉

a b c ဒီဆောင်းပါးကို ရေးချိန်မှာ ညီအစ်ကို မဲလ်နစ်၊ ပစ်ကရက်နဲ့ ပူတင်ဆေ့တို့ဟာ အချုပ်ထောင်မှာ ရောက်နေလို့ သူတို့ဆီက မှတ်ချက်တွေ မရယူနိုင်ပါ။