မာတိကာဆီ ကျော်သွား

ညီအစ်ကို ဒန်နီလ် စူဗိုရော့

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၃ ခုနှစ်၊ ဇွန် ၂၀ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ထောင်ဒဏ်ချမှတ် | စိန်ခေါ်ချက်တွေ ဆက်ရှိနေငြား ပျော်ရွှင်

နောက်ဆုံးအချက်အလက်—ထောင်ဒဏ်ချမှတ် | စိန်ခေါ်ချက်တွေ ဆက်ရှိနေငြား ပျော်ရွှင်

၂၀၂၃ ခုနှစ်၊ ဇွန် ၂၀ ရက်နေ့မှာ စိုချီမြို့၊ စန့်တရာနီ ခရိုင်တရားရုံးက ညီအစ်ကို ဒန်နီလ် စူဗိုရော့ ကိုအပြစ်ရှိကြောင်းစီရင်ပြီး ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့တယ်။ ဒန်နီလ်ကို ၂၀၂၁၊ သြဂုတ် ၁၈ ရက်ကတည်းက ချုပ်နှောင်ထားတာဖြစ်ပြီး ဆက်လက်ထိန်းသိမ်းခံရမှာဖြစ်တယ်။

ကိုယ်ရေးအကျဉ်း

ဘဝမှာ ဘယ်လို စိန်ခေါ်ချက်တွေ ရင်ဆိုင်ရပါစေ ယေဟောဝါဘုရားရဲ့အမှုဆောင်ဖို့၊ ဘုရားနဲ့ ရင်းနှီးနေဖို့ အတတ်နိုင်ဆုံးကြိုးစားနေသရွေ့ ဆက်ပျော်ရွှင်နေမယ်ဆိုတာ သိရလို့ အားရှိစရာပါပဲ။—ဆာလံ ၁၆:၁၁

အချိန်ပြဇယား

  1. သြဂုတ် ၁၃၊ ၂၀၂၁

    အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေသူတစ်ဦးက ကျမ်းစာအကြောင်း စိတ်ဝင်စားယောင်ဆောင် လေ့လာပြီး သတင်းပေးပို့ရာကနေ ပြစ်မှုနဲ့ တရားစွဲခံရတယ်။

  2. သြဂုတ် ၁၈၊ ၂၀၂၁

    အိမ်ကို ဝင်ရောက်ရှာဖွေတယ်။ ဒန်နီလ်ကို ဖမ်းဆီးပြီး ယာယီအချုပ်ထောင်ကို ပို့တယ်။

  3. သြဂုတ် ၁၉၊ ၂၀၂၁

    အချုပ်ထောင်ကို ပို့တယ်။

  4. ဧပြီ ၂၉၊ ၂၀၂၂

    အစွန်းရောက်အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို စီစဉ်ဖွဲ့စည်းမှု၊ ပါဝင်မှု၊ တခြားသူတွေကို ပါဝင်ဖို့ စည်းရုံးမှုနဲ့ စွဲချက်တင်တယ်။

  5. ဇွန် ၁၀၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

a b ဒီဆောင်းပါးကို ပြင်ဆင်နေချိန်မှာ ညီအစ်ကို စူဗိုရော့ဟာ အချုပ်စခန်းမှာ ရောက်နေတာကြောင့် သူ့ကိုယ်ပိုင်မှတ်ချက်ကို မရယူနိုင်ပါ။