မာတိကာဆီ ကျော်သွား

ညီအစ်ကို ဗာလရီ ရှစ်နဲ့ ဇနီး အိုင်ရီနာ

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၃ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ဒဏ်ငွေတပ်ခံရ | “ကျွန်တော် ပိုပြီး ကြံ့ခိုင်လာတယ်”

နောက်ဆုံးအချက်အလက်—ဒဏ်ငွေတပ်ခံရ | “ကျွန်တော် ပိုပြီး ကြံ့ခိုင်လာတယ်”

၂၀၂၄၊ ဇွန် ၂၄ ရက်မှာ ကရာနိုယာ့စ်ဒေသ၊ လီစိုစီဘရစ်မြို့တရားရုံးက ညီအစ်ကို ဗာလရီ ရှစ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ရူဘယ် ၆၀၀,၀၀ (၆,၈၉၄ အမေရိကန်ဒေါ်လာ) ဒဏ်ငွေတပ်ခဲ့တယ်။

ကိုယ်ရေးအကျဉ်း

ဘယ်လို စမ်းသပ်မှုတွေပဲ ကြုံရကြုံရ၊ ယေဟောဝါဆီကရော ညီအစ်ကို၊ ညီအစ်မတွေဆီကပါ ကူညီထောက်မမှု ရရှိမယ်ဆိုတာ သိရလို့ နှစ်သိမ့်မှု ခံစားကြရပါတယ်။—၁ ပေတရု ၅:၉၊ ၁၀

အချိန်ပြဇယား

  1. နိုဝင်ဘာ ၁၉၊ ၂၀၂၁

    ပြမှု စတင်ဖွင့်လှစ်တယ်။

  2. နိုဝင်ဘာ ၂၅၊ ၂၀၂၁

    နေအိမ်ကို ဝင်ရောက်ရှာဖွေတယ်၊ စစ်ဆေးမေးမြန်းဖို့ ခေါ်သွားတယ်။

  3. နိုဝင်ဘာ ၂၆၊ ၂၀၂၁

    လှုပ်ဆောင်မှုတချို့ ကန့်သတ်ခံရတယ်။

  4. မေ ၁၈၊ ၂၀၂၂

    ခရီးသွားလာခွင့် ပိတ်ပင်ခံရတယ်။

  5. ဧပြီ ၁၀၊ ၂၀၂၃

    ပြစ်မှု စတင်ကြားနာ စစ်ဆေးတယ်။