မာတိကာဆီ ကျော်သွား

ဘယ်မှညာ။ ညီအစ်ကို အလက်စန်ဒါ ဗာစီကန်၊ ဆာဂေး ဂါရာမန်၊ အန်နာတိုလီ ရာမို့၊ ဗလာဒီမာ စပီဗက်

၂၀၂၃ ခုနှစ်၊ မေ ၃၀ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ မတ် ၆ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ဒဏ်ငွေတပ်ခံရ | တေကိုဗာမြို့က ညီအစ်ကိုတွေ ယေဟောဝါဘုရားရဲ့ ထောက်မမှုကို ခံစားနေကြ

နောက်ဆုံးအချက်အလက်—ဒဏ်ငွေတပ်ခံရ | တေကိုဗာမြို့က ညီအစ်ကိုတွေ ယေဟောဝါဘုရားရဲ့ ထောက်မမှုကို ခံစားနေကြ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉ ရက်မှာ အီဗာနိုဗာဒေသ၊ တေကိုဗာစကီ ခရိုင်တရားရုံးက ညီအစ်ကို ဆာဂေး ဂါရာမန်၊ အန်နာတိုလီ ရာမို့၊ ဗလာဒီမာ စပီဗက်၊ အလက်စန်ဒါ ဗာစီကန်တို့ကို အပြစ်ရှိကြောင်း စီရင်ပြီး ဒဏ်ငွေချမှတ်လိုက်တယ်။ ဗလာဒီမာကို ရူဘယ် ၆၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၅၆၄)၊ ဆာဂေးကို ရူဘယ် ၆၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၇,၁၁၁)၊ အလက်စန်ဒါနဲ့ အန်နာတိုလီကို ရူဘယ် ၁,၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၂,၀၃၄) အသီးသီး ချမှတ်လိုက်ပါတယ်။

ကိုယ်ရေးအကျဉ်း

အနာဂတ်မှာ သစ္စာတည်ကြည်သူတွေကို ယေဟောဝါဘုရား ပေးမယ့် ထာဝရကောင်းချီးတွေနဲ့ ယှဉ်ရင် လက်ရှိအစီအစဉ်စနစ်မှာ ကြုံနေရတဲ့ အခက်အခဲတွေဟာ တဒင်္ဂပါပဲ။—၂ ကောရိန္သု ၄:၁၇၊ ၁၈

အချိန်ပြဇယား

  1. ဧပြီ ၁၀၊ ၂၀၂၀

    ပြစ်မှု စတင်စွဲဆို

  2. ဧပြီ ၁၁၊ ၂၀၂၀

    အိမ်တွေကို ဝင်ရောက်ရှာဖွေ

  3. ဧပြီ ၁၆၊ ၂၀၂၀

    ခရီးသွားလာခွင့် ကန့်သတ်

  4. ဖေဖော်ဝါရီ ၂၊ ၂၀၂၃

    ပြစ်မှု စတင် ကြားနာစစ်ဆေး