မာတိကာဆီ ကျော်သွား

ညီအစ်ကို အန်ဒရေ အိုခါပ်ကင်နဲ့ ဇနီး အိုင်ရီနာ

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၀ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ဒဏ်ငွေတပ်ခံရ | ဖန်ဆင်းရာတွေကို ဂရုစိုက်ကြည့်ရှုလို့ ညီအစ်ကို အိုခါပ်ကင် ခွန်အားရ

နောက်ဆုံးအချက်အလက်—ဒဏ်ငွေတပ်ခံရ | ဖန်ဆင်းရာတွေကို ဂရုစိုက်ကြည့်ရှုလို့ ညီအစ်ကို အိုခါပ်ကင် ခွန်အားရ

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၃ ရက်မှာ အိုင်ဗန်နိုဗိုဒေသ၊ ကီနီရှမ်စကီမြို့ တရားရုံးက ညီအစ်ကို အန်ဒရေ အိုခါပ်ကင်ကို အပြစ်ရှိကြောင်း စီရင်ပြီး ရူဘယ် ၅၄၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၀၆၄) ဒဏ်ငွေတပ်ခဲ့တယ်။

ကိုယ်ရေးအကျဉ်း

အန်ဒရေလိုပဲ ကျွန်တော်တို့လည်း ဘုရားသခင်ရဲ့မေတ္တာကို သတိရစေတဲ့ “ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုတွေ” အတွက် ကျေးဇူးတင်ကြပါတယ်။—ယောဘ ၃၇:၁၄

အချိန်ပြဇယား

  1. နိုဝင်ဘာ ၁၈၊ ၂၀၂၁

    ပြစ်မှု စတင်ဖွင့်လှစ်တယ်

  2. နိုဝင်ဘာ ၂၃၊ ၂၀၂၁

    အန်ဒရေရဲ့ အိမ်အပါအဝင် ယေဟောဝါသက်သေတွေရဲ့ အိမ်ခြောက်လုံးကို ဝင်ရောက်ရှာဖွေကြတယ်။ သူတို့ကို ဖမ်းဆီးပြီး ယာယီအချုပ်ချတယ်။

  3. နိုဝင်ဘာ ၂၄၊ ၂၀၂၁

    ပြစ်မှုနဲ့ တရားစွဲတယ်

  4. နိုဝင်ဘာ ၂၅၊ ၂၀၂၁

    အချုပ်ထောင်ကို ပို့တယ်

  5. ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂

    အချုပ်ထောင်ကနေ လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ် ချတယ်

  6. ဇူလိုင် ၁၄၊ ၂၀၂၂

    နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့် ကန့်သတ်တယ်

  7. ဒီဇင်ဘာ ၁၅၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်