မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်ဆန်ဒါနဲ့ ဇနီး တာတယာနာ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ဒဏ်ငွေတပ်ခံရ | “မင်းတို့ရဲ့လမ်းစဉ်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ”

နောက်ဆုံးအချက်အလက်—ဒဏ်ငွေတပ်ခံရ | “မင်းတို့ရဲ့လမ်းစဉ်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ”

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇ ရက်မှာကူဂမ်ဒေသ၊ ရှာဒရင်စကီ ခရိုင်တရားရုံးက ညီအစ်ကို အလက်ဆန်ဒါ လူဘင်ကို အပြစ်ရှိကြောင်း စီရင်ပြီး ရူဘယ် ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၁၈၀) ဒဏ်ငွေတပ်လိုက်တယ်။

ကိုယ်ရေးအကျဉ်း

ကျွန်တော်တို့လည်း အလက်ဆန်ဒါလို ယေဟောဝါကို အားကိုးမယ်ဆိုရင် ပြင်းထန်တဲ့ စမ်းသပ်မှုတွေကိုတောင် သစ္စာရှိရှိ ခံရပ်သွားနိုင်မယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဟေရှာယ ၃၈:၁၄

အချိန်ပြဇယား

  1. ဇူလိုင် ၁၃၊ ၂၀၂၁

    ပြစ်မှု စတင်စွဲဆို

  2. ဇူလိုင် ၁၄၊ ၂၀၂၁

    ယေဟောဝါသက်သေ နေအိမ် ရှစ်လုံးကို ဝင်ရောက်ရှာဖွေ။ အလက်ဆန်ဒါကို ဖမ်းဆီး၊ စစ်ဆေးမေးမြန်းပြီး ချုပ်ထား

  3. ဇူလိုင် ၁၆၊ ၂၀၂၁

    အလက်ဆန်ဒါကို အချုပ်ထောင်ပို့

  4. ဇူလိုင် ၁၉၊ ၂၀၂၁

    ကျန်းမာရေး ပြဿနာကြောင့် အယူခံဝင်

  5. သြဂုတ် ၂၈၊ ၂၀၂၁

    လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးရဲ့ တောင်းဆိုမှုကြောင့် အလက်ဆန်ဒါကို ထောင်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့် ပိတ်ပင်

  6. ဇူလိုင် ၁၄၊ ၂၀၂၃

    ပြစ်မှု စတင်ကြားနာ စစ်ဆေး

  7. စက်တင်ဘာ ၇၊ ၂၀၂၃

    အလက်ဆန်ဒါကို ဆေးရုံတင်ထားလို့ အမှုကြားနာမှု ရွှေ့ဆိုင်း