မာတိကာဆီ ကျော်သွား

ဘယ်မှ ညာသို့။ ညီအစ်ကို အိုလက် ကွန်ရှန်၊ ညီအစ်ကို ဆာဂေး မာယာနို့ဗ်နဲ့ ညီအစ်မ ဆဗက်လာနာ မာယာနိုဗာ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ဒဏ်ငွေတပ်ခံရ | ယေဟောဝါကို မှီခိုအားကိုးလို့ စိုးရိမ်ပူပင်မှုတွေကို ကျော်လွှားနိုင်

နောက်ဆုံးအချက်အလက်—ဒဏ်ငွေတပ်ခံရ | ယေဟောဝါကို မှီခိုအားကိုးလို့ စိုးရိမ်ပူပင်မှုတွေကို ကျော်လွှားနိုင်

၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်မှာ နိဇ်နီ နို့ဗ်ဂိုရော့ဒေသ၊ လီနင်စကီ ခရိုင်တရားရုံးက ညီအစ်ကို အိုလက် ကွန်ရှန်၊ ညီအစ်ကို ဆာဂေး မာယာနို့ဗ်၊ ညီအစ်ကို ရိုမန် ရှဗော်လူပို့ဗ်၊ a ဆာဂေးရဲ့သမီးဖြစ်သူ ညီအစ်မ ဆဗက်လာနာ မာယာနိုဗာတို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်တယ်။ တရားရုံးက သူတို့ကို ရူဘယ် ၄၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၄၉၄) ကနေ ရူဘယ် ၇၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၈,၅၄၆) အထိ ဒဏ်ငွေတပ်ခဲ့တယ်။

ကိုယ်ရေးအကျဉ်း

နှိပ်စက်ညှဉ်းပန်းမှုကြား သစ္စာရှိနေတဲ့ ညီအစ်ကို/မတွေဟာ “ယေဟောဝါကို မျှော်လင့်” နေသူတွေ “ရဲစွမ်းသတ္တိ” ရှိမယ်ဆိုတဲ့ သက်သေအထောက်အထားတွေပါပဲ။—ဆာလံ ၂၇:၁၄

အချိန်ပြ ဇယား

  1. ဖေဖော်ဝါရီ ၇၊ ၂၀၁၉

    ဆာဂေးရဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ တခြား အီလက်ထရောနစ် ဆက်သွယ်မှုတွေကို စောင့်ကြည့်စစ်ဆေးဖို့ ရဲတွေကို တရားသူကြီး အခွင့်ပေးခဲ့တယ်။

  2. ဇူလိုင် ၁၆-၁၇၊ ၂၀၁၉

    နိဇ်နီ နို့ဗ်ဂိုရော့မြို့နဲ့ နိဇ်နီ နို့ဗ်ဂိုရော့ဒေသက ယေဟောဝါသက်သေမိသားစု ၃၁ စုရဲ့ အိမ်ကို ရဲတွေ ဝင်ရောက်ရှာဖွေကြတယ်။ အိုလက်၊ ဆာဂေးနဲ့ ဆဗက်လာနာတို့ကို ဖမ်းပြီး ယာယီအချုပ်ထောင်ကို ခေါ်သွားတယ်။ သူတို့ကို ပြစ်မှုနဲ့ တရားစွဲတယ်။

  3. ဇူလိုင် ၁၈၊ ၂၀၁၉

    အိုလက်၊ ဆာဂေးနဲ့ ဆဗက်လာနာတို့ကို အချုပ်ထောင်ကနေ လွှတ်လိုက်တယ်။ တရားရုံးက ညီအစ်ကိုနှစ်ယောက်ကို သူတို့သတ်မှတ်ထားတဲ့အချိန်တွေမှာ အိမ်ကနေ မထွက်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် မဆက်သွယ်ဖို့၊ အင်တာနက်မသုံးဖို့ ပိတ်ပင်တယ်။

  4. သြဂုတ် ၂၄၊ ၂၀၂၁

    ရိုမန်ကို အစွန်းရောက်အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်မှုနဲ့ တရားစွဲပြီး ခရီးသွားလာခွင့် ပိတ်ပင်ခံရတယ်။

  5. မတ် ၃၊ ၂၀၂၂

    ပြစ်မှု စတင် ကြားနာစစ်ဆေးတယ်။

a b ဒီဆောင်းပါးကို ထုတ်ဝေချိန်မှာ ညီအစ်ကို ရိုမန် ရှဗော်လူပို့ဗ်ရဲ့ဓာတ်ပုံ မရနိုင်ပါ။