၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၉ ရက်
ရုရှား
နောက်ဆုံးအချက်အလက်—ဒဏ်ငွေတပ်ခံရ | ‘ယေဟောဝါ ကျွန်တော့်ကို ဘယ်တုန်းကမှ မစွန့်ပစ်ခဲ့ဘူး’
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၈ ရက်မှာ ကူဂမ်ဒေသ၊ ကူဂမ်မြို့တရားရုံးက ညီအစ်ကို အနာတိုလီ အီစာကို့ဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ရူဘယ် ၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄,၅၂၂) ဒဏ်ငွေ တပ်လိုက်ပါတယ်။ အခုလောလောဘယ် သူ ထောင်ထဲ သွားစရာ မလိုပါ။
ကိုယ်ရေးအကျဉ်း
အခက်အခဲတွေကြား အနာတိုလီ ကြံ့ကြံ့ခံရပ်တည်ပြီး ယုံကြည်ခြင်းခိုင်မာနေတာ မြင်ရလို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဘယ်လိုအခြေအနေပဲ ကြုံကြုံ ယေဟောဝါဘုရားဟာ ‘ကျွန်တော်တို့ရဲ့ကျောက်ဆောင်’ အမြဲဖြစ်နေမယ်ဆိုတာ သိထားလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။—ဆာလံ ၇၃:၂၆။
အချိန်ပြဇယား
ဇူလိုင် ၁၃၊ ၂၀၂၁
ပြစ်မှုစတင်ဖွင့်လှစ်
ဇူလိုင် ၁၄၊ ၂၀၂၁
အိမ်ကို ဝင်ရောက်ရှာဖွေပြီး အနာတိုလီကို ချုပ်ထား
ဇူလိုင် ၁၅၊ ၂၀၂၁
အချုပ်ထောင်ကို ပို့
ဇူလိုင် ၂၁၊ ၂၀၂၁
ကင်ဆာကုထုံးတွေ ဆက်ခံယူနိုင်အောင် အချုပ်ကနေလွှတ်ပေးဖို့ ကူဂမ်ဒေသက ကျန်းမာရေးဌာနဆီ အယူခံတင်သွင်းတယ်။
ဩဂုတ် ၂၈၊ ၂၀၂၁
လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးရဲ့ တောင်းဆိုချက်ကြောင့် အချုပ်ထောင်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့် ကန့်သတ်လိုက်တယ်။
ဇူလိုင် ၆၊ ၂၀၂၃
အမှု စတင်ကြားနာစစ်ဆေးတယ်။