၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂ ရက် | ပြင်ဆင်သည့်နေ့- ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်
ရုရှား
နောက်ဆုံးအချက်အလက်—ဒဏ်ငွေတပ်ခံရ | ရှူယာမြို့က ယေဟောဝါသက်သေတွေ မတရားမှုကို ကြံ့ကြံ့ခံ
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှာ အီဗာနိုဗိုဒေသ၊ ရှူယာမြို့တရားရုံး က ညီအစ်ကို အလက်ဆီ အာခီပို့၊ ညီအစ်ကို ဒီမီထရီ မီခေးလော့ဗ်နဲ့ ဇနီး ယယ်လေနာ၊ ညီအစ်မ ဆဗက်လာနာ ရစ်ကိုဗာ၊ ညီအစ်မ ဆဗက်လာနာ ရှီရှီနာတို့ကို အပြစ်ရှိကြောင်း စီရင်ချက် ချလိုက်ပါတယ်။ သူတို့တွေကို ရူဘယ် ၃၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃,၉၂၀)၊ ရူဘယ် ၉၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀,၆၄၀)၊ ရူဘယ် ၅၆၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၂၇၀)၊ ရူဘယ် ၄၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၃၈၀)၊ ရူဘယ် ၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄,၄၈၀) အသီးသီး ဒဏ်ငွေ ချမှတ်လိုက်တယ်။
အချိန်ပြဇယား
စက်တင်ဘာ ၂၁၊ ၂၀၁၇
မီခေးလော့ဗ်နဲ့ ဇနီးရဲ့ဖုန်းလိုင်းကို ကြားဖြတ်နားထောင်ဖို့ တရားသူကြီးက ခွင့်ပြုလိုက်တယ်။
ဇန်နဝါရီ ၁၅၊ ၂၀၁၈
ညီအစ်မ ဆဗက်လာနာ ရစ်ကိုဗာရဲ့ဖုန်းလိုင်းကို ကြားဖြတ်နားထောင်ဖို့၊ အိမ်ကို ဗီဒီယိုနဲ့ စောင့်ကြည့်ဖို့ တရားသူကြီးက ခွင့်ပြုလိုက်တယ်။
ဧပြီ ၂၀၊ ၂၀၁၈
အာဏာပိုင်တွေက သက်သေခံ ငါးဦးစလုံးရဲ့အိမ်ကို ရှာဖွေခဲ့ကြတယ်။
မေ ၂၉၊ ၂၀၁၈
ဒီမီထရီကို ဖမ်းဆီးတယ်။ အစွန်းရောက်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး တရားစွဲတယ်။ အချုပ်ချလိုက်တယ်။
ဇွန် ၂၂၊ ၂၀၁၈
အလက်ဆီကိုလည်း အမှုမှာ ထည့်သွင်းတရားစွဲပြီး နယ်မြေကနေ မထွက်ခွာဖို့ တားမြစ်လိုက်တယ်။
ဇွန် ၂၇၊ ၂၀၁၈
ညီအစ်မ ယယ်လေနာ မီခေးလော့ဗ်၊ ညီအစ်မ ဆဗက်လာနာ ရစ်ကိုဗာနဲ့ ညီအစ်မ ဆဗက်လာနာ ရှီရှီနာတို့ကိုလည်း ထည့်သွင်းတရားစွဲတယ်။
နိုဝင်ဘာ ၁၅၊ ၂၀၁၈
ဒီမီထရီကို ခြောက်လနီးပါး ချုပ်ထားပြီးနောက် ပြန်လွှတ်လိုက်ဖို့ အယူခံတရားရုံးက အမိန့်ချတယ်။
သြဂုတ် ၁၀၊ ၂၀၂၁
အမှု စတင်ကြားနာစစ်ဆေးတယ်။
စက်တင်ဘာ ၁၆၊ ၂၀၂၁
အမှုကိုသုံးသပ်ဖို့ အစိုးရရှေ့နေဆီ ပြန်အပ်လိုက်တယ်။
မေ ၂၅၊ ၂၀၂၂
အမှုကို ပြန်လည် ကြားနာစစ်ဆေးတယ်။
ကိုယ်ရေးအကျဉ်း
ရုရှားမှာရှိတဲ့ ချစ်ရတဲ့ ညီအစ်ကို၊ ညီအစ်မတွေရဲ့ ရဲရင့်မှုနဲ့ ခံနိုင်ရည်ကြောင့် ကျွန်တော်တို့ သိပ်ကို ရွှင်လန်းရပါတယ်။—၁ သက်သာလောနိတ် ၂:၂၀။