မာတိကာဆီ ကျော်သွား

ညီအစ်မ အီရီနာ မီခိုင်လန်ကာ

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၅ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ဒဏ်တပ်ခံရ | “ထက်ထက်သန်သန် ဆုတောင်းခြင်းကနေ အကူအညီရတယ်”

နောက်ဆုံးအချက်အလက်—ဒဏ်တပ်ခံရ | “ထက်ထက်သန်သန် ဆုတောင်းခြင်းကနေ အကူအညီရတယ်”

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၅ ရက်မှာချီယာဘင့်စ်ဒေသ၊ မီတယ်လူဂျက်ချက်စကီ ခရိုင်တရားရုံးက ညီအစ်မ အီရီနာ မီခိုင်လန်ကာကို အပြစ်ရှိကြောင်း စီရင်ပြီး ရူဘယ် ၁၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၄၇၁) ဒဏ်ငွေတပ်ခဲ့ပါတယ်။

ကိုယ်ရေးအကျဉ်း

ညီအစ်မအီရီနာက “သစ္စာစောင့်သိသူတွေရဲ့ အသက်ကို စောင့်ရှောက်” တဲ့ ယေဟောဝါဘုရားကို အားကိုးပြီး ဇွဲထက်သန်နေလို့ ကျွန်တော်တို့ အားရှိပါတယ်။—ဆာလံ ၉၇:၁၀

အချိန်ပြဇယား

  1. မတ် ၂၆၊ ၂၀၁၉

    အီရီနာရဲ့ အိမ်အပါအဝင် ချီယာဘင့်စ်ဒေသက ယေဟောဝါသက်သေ ၁၀ အိမ်ထောင်ကို ရှာဖွေစစ်ဆေးကြတယ်။

  2. ဩဂုတ် ၃၁၊ ၂၀၂၁

    ပြစ်မှု စတင်ဖွင့်လှစ်တယ်

  3. အောက်တိုဘာ ၂၂၊ ၂၀၂၁

    အိမ်ကို ထပ်ရှာဖွေတယ်။ အီရီနာကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားတယ်။ ခရီးသွားလာခွင့် ကန့်သတ်ခံရတယ်။

  4. အောက်တိုဘာ ၂၇၊ ၂၀၂၁

    ပိတ်ပင်ထားတဲ့ ဘာသာရေးအသင်းရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်တယ်ဆိုတဲ့ ပြစ်ချက်နဲ့ တရားစွဲတယ်

  5. စက်တင်ဘာ ၇၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။