မာတိကာဆီ ကျော်သွား

ညီအစ်ကို ဒဲနစ် မာကူလော့ဗ်နဲ့ ဇနီး နာတာလီယာ

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ဒဏ်တပ်ခံရ | “အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ ကြံ့ခိုင်လာအောင် ယေဟောဝါ လုပ်ပေး”

နောက်ဆုံးအချက်အလက်—ဒဏ်တပ်ခံရ | “အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ ကြံ့ခိုင်လာအောင် ယေဟောဝါ လုပ်ပေး”

၂၀၂၃ ခုနှစ်၊ မတ် ၂၃ ရက်မှာမူရမန့်ဒေသ၊ အက်ပတိတီမြို့တရားရုံးက ညီအစ်ကို ဒဲနစ် မာကူလော့ဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ရူဘယ် ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၄၈၅) ဒဏ်တပ်ခဲ့တယ်။

ကိုယ်ရေးအကျဉ်း

ဘယ်လို အခက်အခဲမဆို ရင်ဆိုင်ရပါစေ ယေဟောဝါဘုရားနဲ့ ဆက်ဆံရေးကောင်းပြီး ဘုရားကို ယုံကြည်ကိုးစားနေရင် ဘုရားက ကျွန်တော်တို့ကို “မြဲမြံစေပြီး ခွန်အားရှိစေမယ်” ဆိုတာသိရလို့ နှစ်သိမ့်မှုရရှိပါတယ်။—၁ပေတရု ၅:၁၀။

အချိန်ပြဇယား

  1. ဇူလိုင် ၂၁၊ ၂၀၂၁

    အက်ပတိတီမြို့တစ်ဝိုက်က ယေဟောဝါသက်သေတွေရဲ့ အိမ် ၁၄ အိမ်ကို ရဲအရာရှိတွေ ဝင်ရောက်ရှာဖွေကြတယ်။ ဖယ်ဒရယ်လုံခြုံရေးဌာန (FSB) ရဲတွေဟာ မာကူလော့ဗ်ရဲ့ တိုက်ခန်းထဲ အတင်းဝင်ပြီး သူတို့ဇနီးမောင်နှံကို မေးမြန်းဖို့ ချုပ်ထားတယ်။ နောက်နေ့ မနက် ၄ နာရီကျမှ လွှတ်ပေးတယ်။

  2. ဇူလိုင် ၂၂၊ ၂၀၂၁

    ရဲအရာရှိတွေက ဒဲနစ်ကို စစ်ဆေးရေးရုံးဆီ ပြန်လာခိုင်းတယ်။ ပြီးတော့ သူ့ကို ယာယီအချုပ်ထောင်မှာ ထားတယ်။

  3. ဇူလိုင် ၂၃၊ ၂၀၂၁

    အချုပ်ကနေ လွှတ်ပြီး နေအိမ်အကျယ်ချုပ် ချထားတယ်။

  4. စက်တင်ဘာ ၁၇၊ ၂၀၂၁

    နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပြီး ခရီးသွားလာခွင့် ကန့်သတ်တယ်။

  5. ဇူလိုင် ၁၅၊ ၂၀၂၂

    “သီချင်းဆို” ပြီး “ယေဟောဝါဘုရားကို ဆုတောင်း” တာက အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေကို စီစဉ်ဖွဲ့စည်းတာဖြစ်တယ်ဆိုပြီး စွဲချက်တင်တယ်။

  6. စက်တင်ဘာ ၂၀၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။