မာတိကာဆီ ကျော်သွား

အပေါ် (ဝဲမှယာ)။ ညီအစ်ကို ဒဲနစ္စ အန်တိုနော့၊ အလက်စန်ဒါ ရှက်ဖ်ချော့၊ အလက်စန်ဒါ ကိုရိုလော့ဗ်

အောက် (ဝဲမှယာ)။ ညီအစ်ကို ဗလာဒီမာ အာထရာကင်၊ ဂီအိုဂျီ နီကူလင်နဲ့ ဇနီး ယေလီနာ

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်
ရုရှား

နောက်ဆုံးအချက်အလက် | နေ့စဉ် ကျမ်းစာဖတ်ရှုခြင်းက နှိပ်စက်ညှဉ်းဆဲမှုကို ခံနိုင်ဖို့ ညီအစ်ကို ငါးဦးနဲ့ ညီအစ်မတစ်ဦးကို ကူညီပေး

နောက်ဆုံးအချက်အလက် | နေ့စဉ် ကျမ်းစာဖတ်ရှုခြင်းက နှိပ်စက်ညှဉ်းဆဲမှုကို ခံနိုင်ဖို့ ညီအစ်ကို ငါးဦးနဲ့ ညီအစ်မတစ်ဦးကို ကူညီပေး

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၅ ရက်မှာ ဆာရန်မြို့၊ လီနင်စကီ ခရိုင်တရားရုံးက ညီအစ်ကို ဒဲနစ္စ အန်တိုနော့၊ ဗလာဒီမာ အာထရာကင်၊ အလက်စန်ဒါ ကိုရိုလော့ဗ်၊ ဂီအိုဂျီ နီကူလင်၊ ညီအစ်မ ယေလီနာ နီကူလီနာ၊ ညီအစ်ကို အလက်စန်ဒါ ရှက်ဖ်ချော့တို့ရဲ့ အမှုကို စီရင်ချက် ချလိုက်ပါတယ်။ ဒဲနစ္စ၊ အလက်စန်ဒါ ကိုရိုလော့ဗ်၊ အလက်စန်ဒါ ရှက်ဖ်ချော့တို့ကို ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်။ ဂီအိုဂျီ၊ ယေလီနာကို ထောင်ဒဏ် လေးနှစ်နဲ့ နှစ်လ၊ ဗလာဒီမာကို ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်။ အားလုံးကို ချက်ချင်း ထောင်ချလိုက်ပါတယ်။

အချိန်ပြဇယား

  1. ဇွန် ၁၁၊ ၂၀၂၁

    ဆာရန်မြို့၊ လီနင်စကီ ခရိုင်တရားရုံးမှာ ပထမရုံးချိန်း စတင်တယ်။

  2. ဧပြီ ၂၊ ၂၀၂၁

    ယေလီနာကို အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေမှာ ပါဝင်မှု၊ စည်းရုံးမှုနဲ့ စွဲချက်တင်တယ်။

  3. မတ် ၃၁၊ ၂၀၂၁

    ဗလာဒီမာကို အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေ စီစဉ်ဖွဲ့စည်းမှုနဲ့ စွဲချက်တင်တယ်။

  4. ဇူလိုင် ၂၊ ၂၀၁၉

    အလက်စန်ဒါ ရှက်ဖ်ချော့နဲ့ ဂီအိုဂျီတို့ကို အချုပ်ကနေ လွှတ်ပေးပြီး ဒေသကနေ ထွက်ခွာခွင့် ပိတ်ပင်လိုက်တယ်။

  5. မတ် ၂၈၊ ၂၀၁၉

    ဗလာဒီမာကို အချုပ်ကနေ လွှတ်ပေးပြီး ဒေသကနေ ထွက်ခွာခွင့် ပိတ်ပင်လိုက်တယ်။

  6. ဖေဖော်ဝါရီ ၈၊ ၂၀၁၉

    အလက်စန်ဒါ ရှက်ဖ်ချော့၊ ဗလာဒီမာ၊ ဂီအိုဂျီတို့ကို အချုပ်ချလိုက်တယ်။

  7. ဖေဖော်ဝါရီ ၄၊ ၂၀၁၉

    FSB အရာရှိတွေက ညီအစ်ကို ငါးဦးနဲ့ ယေလီနာတို့ကို အစွန်းရောက် အဖွဲ့အစည်း လုပ်ငန်းတွေ စီစဉ်မှုနဲ့ အမှုဖွင့်ကြတယ်။

ကိုယ်ရေးအကျဉ်း

ရုရှားမှာ နှိပ်စက်ညှဉ်းဆဲခံနေရတဲ့ ညီအစ်ကို/မတွေ ယေဟောဝါဘုရားကို ယုံကြည်အားထားနေသရွေ့ ဘုရားဘက်ကလည်း ခိုင်မြဲတဲ့မေတ္တာပြပြီး သူတို့အပေါ် ဆက်သစ္စာရှိနေမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ကမ္ဘာဦး ၃၂:၁၀