မာတိကာဆီ ကျော်သွား

ညီအစ်မ အီရီနာ ပီရီဖိုင်လီဗာ

၂၀၂၃ ခုနှစ်၊ မေ ၁ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၀
ရုရှား

နောက်ဆုံးအချက်အလက်—ပြစ်ဒဏ်ချမှတ်ခံရ | “ကျွန်မကြုံရတဲ့ အခက်အခဲတွေဟာ ယာယီပဲ”

နောက်ဆုံးအချက်အလက်—ပြစ်ဒဏ်ချမှတ်ခံရ | “ကျွန်မကြုံရတဲ့ အခက်အခဲတွေဟာ ယာယီပဲ”

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၈ ရက်မှာကရာချေဗို ဆာခါစီရမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦရူပစကီ ခရိုင်တရားရုံးက ညီအစ်မ အီရီနာ ပီရီဖိုင်လီဗာကို ဆိုင်းငံ့ထောင်ဒဏ် ငါးနှစ်နဲ့ခြောက်လ ချမှတ်လိုက်တယ်။ ညီအစ်မ လောလောဆယ် ထောင်ထဲ သွားစရာ မလိုပါ။

ကိုယ်ရေးအကျဉ်း

ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဟာ ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါပေးမယ့် ကောင်းချီးတွေနဲ့ နှိုင်းယှဉ်ရင် ‘ခဏတာခံရတာဖြစ်ပြီး ပေါ့ပါးတယ်’ ဆိုတာကို သိရတဲ့အတွက် အီရီနာလိုပဲ ကျွန်တော်တို့လည်း နှစ်သိမ့်မှုရကြပါတယ်။—၂ ကောရိန္သု ၄:၁၇

အချိန်ပြဇယား

  1. ဇန်နဝါရီ ၉၊ ၂၀၂၁

    အိမ်ကို ဝင်ရောက်ရှာဖွေတယ်။

  2. နိုဝင်ဘာ ၂၂၊ ၂၀၂၁

    ပြစ်မှုနဲ့ စွဲချက်တင်တယ်။

  3. နိုဝင်ဘာ ၂၃၊ ၂၀၂၁

    အိမ်ကို နောက်တစ်ကြိမ် ဝင်ရောက်ရှာဖွေတယ်။

  4. နိုဝင်ဘာ ၂၉၊ ၂၀၂၁

    အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်မှုနဲ့ တရားစွဲတယ်။

  5. အောက်တိုဘာ ၁၅၊ ၂၀၂၂

    ခရီးသွားလာခွင့် ကန့်သတ်ခံရတယ်။

  6. ဒီဇင်ဘာ ၆၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။