မာတိကာဆီ ကျော်သွား

ညီအစ်ကို အန်ဒရေ ဆာဇိုနို့ဗ်

ဩဂုတ် ၂၆၊ ၂၀၂၁ | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ပြစ်ဒဏ်စီရင်ချက်ကို ပယ်ဖျက် | ကလေးနှစ်ယောက်ဖခင် ယုံကြည်ချက်ကြောင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရဖွယ်ရှိ

နောက်ဆုံးအချက်အလက်—ပြစ်ဒဏ်စီရင်ချက်ကို ပယ်ဖျက် | ကလေးနှစ်ယောက်ဖခင် ယုံကြည်ချက်ကြောင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရဖွယ်ရှိ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ၊ ယူဂရာ၊ ခန်တီမန်စီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရိုင်တရားရုံးက ညီအစ်ကို အန်ဒရေ ဆာဇိုနို့ဗ်ကို အပြစ်ရှိကြောင်းစီရင်ခဲ့တဲ့ အောက်တရားရုံးရဲ့အမိန့်ကို ပယ်ဖျက်လိုက်ပါတယ်။ ယူဂရာ၊ ခန်တီမန်စီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အူရ်ရေးမြို့တရားရုံးမှာ အမှုကို ပြန်လည်ကြားနာစစ်ဆေးပါမယ်။

အချိန်ပြဇယား

  1. ၂၀၂၁၊ ဒီဇင်ဘာ ၂၄ မှာ ယူဂရာ၊ ခန်တီမန်စီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အူရ်ရေးမြို့တရားရုံးက ညီအစ်ကို အန်ဒရေ ဆာဇိုနို့ဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ရူဘယ် ၅၀၀,၀၀၀ (ယူအက်စ်ဒေါ်လာ ၆,၇၈၅) ဒဏ်ငွေ တပ်လိုက်ပါတယ်။ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရဖွယ် ရှိတယ်။ ညီအစ်ကို အန်ဒရေ ပြစ်ဒဏ် စီရင်ခံရလို့ ကျွန်တာ်တို့ စိတ်ထိခိုက်ကြရပေမဲ့ ထောင်ထဲ ဝင်စရာ မလိုတဲ့အတွက် ဝမ်းသာမိပါတယ်

  2. ၂၀၂၀၊ ဇွန် ၂၂

    အန်ဒရေကို ပြစ်မှုနဲ့ အမှုဖွင့်ကြတယ်

  3. ၂၀၁၉၊ ဩဂုတ် ၂၂

    နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပေမဲ့ ခရီးသွားလာခွင့် မပေးဘူး။ တရားရုံး ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေအတိုင်း နေထိုင်ခိုင်းတယ်

  4. ၂၀၁၉၊ ဖေဖော်ဝါရီ ၂၆

    နေအိမ်အကျယ်ချုပ်ချတယ်

  5. ၂၀၁၉၊ ဖေဖော်ဝါရီ ၆

    ချုပ်ထားပြီး နှစ်ရက်အကြာမှာ အလုပ်ခွင်နဲ့ ကားကို ရှာဖွေစစ်ဆေးတယ်။ အဲဒီနောက် အချုပ်ထောင်ကို ပို့လိုက်တယ်

  6. ၂၀၁၉၊ ဇန်နဝါရီ ၃၁

    “အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို စီစဉ်ဖွဲ့စည်းမှု၊ ပါဝင်ပတ်သက်မှု” ဆိုတဲ့ပြစ်ချက်နဲ့ တရားစွဲတယ်

ကိုယ်ရေးအကျဉ်း

ရုရှားက ညီအစ်ကို/မတွေ နှိပ်စက်ညှဉ်းပန်းမှု ကြုံနေရပေမဲ့ ပုံသက်သေကောင်း ပြနေကြလို့ ကျွန်တော်တို့ ကျေးဇူးတင်တယ်။ ယေဟောဝါက သူတို့ကို “ရဲစွမ်းသတ္တိနဲ့ ခွန်အား” ရှိစေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။—ဆာလံ ၁၃၈:၃