၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက် | နောက်ဆုံးအချက်အလက်—၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်
ရုရှား
နောက်ဆုံးအချက်အလက်—ပြစ်ဒဏ်ထပ်တိုး | ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံရ၊ နေအိမ်အကျယ်ချုပ် ချခံရပေမဲ့ ရွှင်လန်းနေကြ
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ မှာ နယ်မြေ ၄ အယူခံတရားရုံးက ညီအစ်ကို ရက်စတန် ဒိုင်အာရို့ဗ်၊ ညီအစ်ကို ဆာဂေး ကလီကူနို့၊ ညီအစ်ကို ယေ့ဂျနီ အီဗန်နိုနဲ့ ဇနီး အော်လဂါတို့အပေါ် ပိုတင်းမာတဲ့ စီရင်ချက် ချမှတ်ခဲ့တယ်။ သူတို့ရဲ့ ထောင်ဒဏ် ပြီးဆုံးပြီးနောက်မှာတောင် အက်စရာခန်ဒေသကနေ ထွက်ခွာလို့မရကြောင်း တရားသူကြီးက အမိန့်ချမှတ်ခဲ့တယ်။ ညီအစ်ကိုတွေနဲ့ ညီအစ်မဟာ အချုပ်ထောင်ကနေ ဗီဒီယိုချိတ်ဆက်ပြီး အမှုကြားနာခဲ့တယ်။
၂၀၂၂ ခုနှစ်၊ မတ် ၃ ရက်မှာ အက်စရာခန် ခရိုင်တရားရုံးက ညီအစ်ကို ရက်စတန် ဒိုင်အာရို့ဗ်၊ ညီအစ်ကို ဆာဂေး ကလီကူနို့၊ ညီအစ်ကို ယေ့ဂျနီ အီဗန်နိုနဲ့ ဇနီး အော်လဂါတို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ လေးယောက်စလုံး ထောင်ထဲမှာ ဆက်နေရပါတယ်။
အချိန်ပြဇယား
အောက်တိုဘာ ၂၅၊ ၂၀၂၁
အက်စရာခန်၊ ထရူဆို့ဗ်စကီ ခရိုင်တရားရုံးက ရက်စတန်၊ ယေ့ဂျနီ၊ ဆာဂေးတို့ကို ထောင်ဒဏ် ရှစ်နှစ် ချလိုက်တယ်။ ယေ့ဂျနီရဲ့ ဇနီး အော်လဂါကို ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်တယ်။ အော်လဂါကို ချက်ချင်း အချုပ်ချလိုက်တယ်။ ညီအစ်ကို သုံးယောက်ကိုတော့ အရင်ကတည်းက အချုပ်ချထားတာဖြစ်တယ်။
ဇွန် ၁၁၊ ၂၀၂၀
ရက်စတန်၊ ယေ့ဂျနီ၊ ဆာဂေးတို့ကို အချုပ်ထောင်ပို့ပြီး အော်လဂါကို နေအိမ်အကျယ်ချုပ် ချလိုက်တယ်။
ဇွန် ၉၊ ၂၀၂၀
အက်စရာခန်မြို့မှာ ယေဟောဝါသက်သေ မိသားစု ၂၇ စုရဲ့ အိမ်တွေကို လုံခြုံရေး အရာရှိ ၁၀၀ ကျော် ဝင်ရောက်စီးနင်းတယ်။ ရက်စတန်၊ ယေ့ဂျနီ၊ ဆာဂေးတို့ကို ယာယီအချုပ်ထောင် ပို့လိုက်တယ်။
ဇွန် ၈၊ ၂၀၂၀
ရက်စတန်၊ ယေ့ဂျနီ၊ အော်လဂါနဲ့ ဆာဂေးတို့ကို ပြစ်မှုနဲ့ တရားစွဲတယ်။ အစွန်းရောက် လုပ်ဆောင်မှုတွေကို စီစဉ်မှု၊ ငွေကြေးထောက်ပံ့မှုနဲ့ ညီအစ်ကိုတွေကို စွဲချက်တင်တယ်။ အစွန်းရောက် လုပ်ဆောင်မှုတွေမှာ ပါဝင်မှုနဲ့ အော်လဂါကို စွဲချက်တင်တယ်။
ကိုယ်ရေးအကျဉ်း
ယေဟောဝါဘုရားက မိမိကို သစ္စာရှိရှိ ဝတ်ပြုသူတွေ စမ်းသပ်မှု ကြုံနေချိန် အနားမှာ အမြဲ ရှိနေတယ်ဆိုတာ သိရတာ အလွန် အားရှိစရာပါပဲ။—ဆာလံ ၁၃၉:၅၊ ၁၀။